တရုတ်ရိုးရာချင်မင်းပွဲတော်၏အစီအစဉ်များကိုသင်တို့သိပါသလား။

2018-04-05 13:50:25 |သတင်းအရင်းအမြစ် 云桥网

ချင်မင်းပွဲတော်သည်တရုတ်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်ပြီးတရုတ်လူမျိုးများအတွက်အမွေအနှစ်တစ်ခုဖြစ်သည့်အရေးပါသောဘိုးဘွားအားပူဇော်သည့်ပွဲ ဖြစ်သည်။

ချင်မင်းပွဲတော်သည်တရုတ်နိုင်ငံကျိုမင်းဆက်ခေတ်မှစတင်ဆင်နွှဲခဲ့ရာယနေ့အချိန်ထိတိုင်အနှစ်(၂၅၀၀)ကျော်ရှည်ကြာသည့်သမိုင်းကြောင်းရှိပြီဖြစ်သည်။

ချင်မင်းပွဲတော်တွင်ကွယ်လွန်ုပြီးဖြစ်သည့် ဆွေမျိုးရင်းခြာများအားပူဇော်ကန်တော့လေ့ရှိသည်။ထို့ပြင်အဆိုပါကာလတွင်မိသားစုများစုပေါင်းခရီးထွက်လေ့ရှိသည့်အချိန်လည်းဖြစ်သည်။ သေကွဲကွဲခြင်းနှင့်ခရီးထွက်ခြင်းတို့တွင်ဝမ်းနည်းခြင်းနှင့်ဝမ်းသာခြင်းစသည့် မေတ္တာရောစပ်နေခြင်းသည်ပွဲတော်၏ထူးခြားချက်တစ်ခုဖြစ်သည်။

အချိန်ကို လေးစားခြင်း၊မိဘကိုရိုသေခြင်း၊ဇနီးနှင့်သားသမီးများကို စောင့်ရှောက်ခြင်း၊ကျန်းမာရေးဂရုစိုက်ခြင်းတို့သည်ချင်မင်းပွဲတော်အား ပေါ်လွင်ထင်ဟပ်စေသည့်လက္ခဏများပင်ဖြစ်သည်။

တရုတ်ရှေးခေတ်လူမျိုးတို့သည်ချင်မင်းပွဲတော်ကိုမည်ကဲ့သို့ဆင်နွှဲခဲ့သည်ကိုကျွန်တော်တို့မှနည်းနည်းပါးပါးထပ်မံပြောပေးပါရစေလားဗျာ။

သချိုင်းအုတ်ဂူအားသန့်ရှင်းခြင်း။

နှစ်စဉ်ချင်မင်းပွဲတော်ရောက်ရှိချိန်တွင်ကျွန်တော်တို့ ရှေးတရုတ်လူမျိုးတို့သည်အရောင်မှိန်သောအင်္ကျီကိုဝတ်ပြီးကွယ်လွန်ပြီးသည့် ဆွေမျိုးရင်းခြာများ၏သချိုင်းအုတ်ဂူရှေ့တွင်ပူဇော်ကန်တော့လေ့ရှိသည်။စားကောင်းသောက်ဖွယ်များဖြင့်ပူဇော်ပြီးကွယ်လွန်သူများပူဇော်စေရန် ငွေစက္ကူများလည်းမီးရှို့ပေးသည်။သို့တည်းမဟုတ်လတ်ဆတ်သည့်ပန်းတို့ဖြင့်ပူဇော်ကြသည်။

သုဿန်ရှိရာအရပ်ဆင်ခြေဖုန်းရပ်ကွက်သို့ခရီးထွက်ခြင်း။

ဧပြီလတွင်တရုတ်နိုင်ငံ၌သစ်ပင်နှင့်ပန်းများ ဝေဝေဆာဆာကြီးထွားပွင့်လန်းလျက်ရှိပြီးသဘာဝပန်းချီကားတစ်ချပ် ဖြစ်နေပေသည်။ထိုကာလသည်ရုံးနှင့်ကျောင်းပိတ်ရက်လည်း ဖြစ်သည်။မိဘသည်သားသမီးများကိုဦးဆောင်ပြီးရုက္ခဗေဒဥယျာဉ်သို့မဟုတ်သုဿန်ရှိရာအရပ်ဆင်ခြေဖုန်းရပ်ကွက်သို့သွားကြသည်။ထိုသည်မှာကလေးများအတွက်သဘာဝနှင့်နီးနီးစပ်စပ်ထိတွေ့ခံစားနိုင်မည် ဖြစ်သည်။

စွန်လွှတ်ခြင်း။

စွန်လွှတ်ခြင်းသည်ချင်မင်းပွဲတော်အတွင်းလူကြိုက်အများဆုံးအစီအစဉ်လှုပ်ရှားမှုအနက်တစ်ခုဖြစ်သည်။ကျယ်ဝန်းသည့်မြေပြင်တွင်ကလေးများသည်အားပါးတရပြေးလွှားပြီးစွန်လွှတ်ကြသည်။

ဒန်းစီးကစားခြင်း။

ရှေးယခင်ကလူများသည်သစ်ပင်ဂွကြားသစ်ကိုင်းတွင် ရောင်စုံကြိုးများဖြင့်ဒန်းကို ပြုလုပ်ကြသည်။ယခုခေတ်တွင်ဒန်းကိုများသောအားဖြင့်ချိတ်ဆွဲကြိုးနှင့်အထိုင်ပြားတို့ဖြင့် ပြုလုပ်ထားကာကလေးတို့သည်အဆိုပါဒန်းစီးခြင်းကိုအလွန်သဘောကျသည်။

သစ်ပင်စိုက်ခြင်း။

ချင်မင်းပွဲတော်တွင်တရုတ်လူမျိုးသည် ရှေးယခင်မှစ၍သစ်ပင်စိုက်လေ့ရှိသည်။ထို့ကြောင့်လူအချို့သည်ချင်မင်းပွဲတော်ကိုသစ်ပင်စိုက်ပွဲဟူ၍လည်း ခေါ်ဝေါ်ပါသည်။သစ်ပင်စိုက်ခြင်းအစီအစဉ်သည်ယခုအချိန်အထိလည်းလုပ်လေ့ရှိပါသည်။

မြှားပစ်ခြင်း။

တရုတ်မင်မင်းဆက်ခေတ်၏မှတ်တမ်းအရသိရသည်မှာ -- မြှားပစ်ခြင်းဆိုသည်မှာခိုများကိုသခွါးသီးနှင့်အတူမိုးမခပင်ပေါ်တွင်ချိတ်ဆွဲထားသည်။ မြှားဖြင့်သခွါးသီးကိုပစ်ရာမှခိုများသည်အမြင့်သို့ပျံထွက်သွားမည် ဖြစ်သည်။ခိုများပျံနိုင်သည့်အမြင့်ဖြင့်အကဲဖြတ်ကာရလဒ်ကိုအဆုံးအဖြတ်ပေးလေ့ရှိသည်။

တရုတ်ရှေးခေတ်ဘောလုံးကန်ခြင်း။

တရုတ်ရှေးခေတ်ဘောလုံးသည်သမိုင်းမှတ်တမ်းများအရဘုရင်ကြီးဟွန်တိမှဖန်တီးထားခြင်းဖြစ်ပြီးမူလတွင်စစ်သားများကို လေ့ကျင့်ရန်ရည်ရွယ်ထားခြင်းဖြစ်သည်။

ယခုခေတ်တွင်တရုတ်လူမျိုးများ ရှေးခေတ်ကကဲ့သို့ပင်သချိုင်းအုတ်ဂူတွင်သွားရောက်ပူဇော်ကြသည်။သုဿန်ရှိရာအရပ်ဆင်ခြေဖုန်းရပ်ကွက်သို့မိသားစုလိုက်ခရီးထွက်ကြသည်။သစ်ပင်လည်းစိုက်သည်။သို့သော်လည်းအပြောင်းအလဲအချို့ရှိပါသည်။ထိုအပြောင်းအလဲကိုကျွန်တော်တို့က အောက်ပါအတိုင်း ပြောပြပေးလိုပါသည်။

ပိုမိုယဉ်ကျေးလာသည်။၊လတ်ဆတ်သောပန်းများဖြင့်ပူဇော်ခြင်း။

ရှေးခေတ်ကကွယ်လွန်သွားသည့်ဆွေမျိုးရင်းခြာအားဖယောင်းတိုင်ထွန်းခြင်း၊ ဗြောက်အိုးပစ်ဖောက်ခြင်းဖြင့်ပူဇော်လေ့ရှိပြီးယခုတွင်မူပန်းများ၊သစ်ပင်စိုက်ခြင်းဖြင့်သာပူဇော်ကြသည်။

ပိုမိုပျော်ရွှင်သည်၊ရုံးပိတ်ရက် (၃)ရက်ရခြင်း။

ချင်မင်းပွဲတော်သည်အစဉ်အလာအရရုံးပိတ်ရက်ဖြစ်သည်။စနေနေ့နှင့်တနင်္ဂနွေနေ့နှင့်အတူပိတ်ရက်သုံးရက်အနားရကြသည်။ထို့ကြောင့်လည်းသုဿန်ရှိရာအရပ်ဆင်ခြေဖုန်းရပ်ကွက်သို့သွားသူအလွန်ပေါများသည်။

ပိုမိုအဆင်ပြေသည်၊အမြန်ကားလမ်းသည်အခမဲ့သွားလာနိုင်ခြင်း။

ချင်မင်းပွဲတော်ကျင်းပချိန်အတွင်းတရုတ်တစ်ပြည်လုံး၌အမြန်ကားလမ်းကိုအခမဲ့အသုံးပြုသွားလာနိုင်သည်။