တရုတ်ချင်မင်းပွဲအချိန်ကာလအတွင်း တရုတ်ပြည်တွင်းခရီးသွားဦးရေ သန်းပေါင်း (၁၀၀) ကျော်ရောက်ရှိ

2018-04-08 16:49:18 |သတင်းအရင်းအမြစ် 新华社

ချင်မင်း ပွဲတော်ရုံးပိတ်ရက်ကာလတွင် တရုတ်တစ်ပြည်လုံးမှ ပြည်တွင်းခရီးသွား ဦးရေသည် သန်းပေါင်း(၁၀၀)ကျော်ရောက်ရှိပြီး ၂၀၁၇ ခုနှစ် အချိန်ကာလတူထက် (၈.၃%) တိုးများလာသည်ဟု တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကိန်းဂဏန်းအရ သိရသည်။

ခရီးသွားလုပ်ငန်းဝင်ငွေသည် တရုတ်ယွမ်(၄၂.၁) ဘီလီယံသို့ ရောက်ရှိလာပြီး ၂၀၁၇ ခုနှစ် အချိန်ကာလတူထက် (၈.၀%)တိုးများလာသည်။

ထို့ပြင်၊ ဧပြီလ(၇)ရက်နေ့ တရုတ်စံတော်ချိန်(၁၇း၀၀)နာရီထိတိုင် တစ်ပြည်လုံးတွင် ခရီးသွားလာရေးလုံခြုံရေး ထိခိုက်မှုများ လုံးဝမဖြစ်ပေါ်ခဲ့ပဲ ခရီးသွားလာရေးဈေးကွက်သည် တည်ငြိမ်စွာရှိနေသည်။

(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်ထားသည်။ ဘာသာပြန်၊ Yunnan gateway)