တရုတ်စကားပုံများ အတူတူလေ့လာသင်ယူကြပါစို့

2018-04-10 19:00:19 |သတင်းအရင်းအမြစ် 云桥网

တရုတ်စကားပုံများသည် မြန်မာဘာသာဖြင့် မည်ကဲ့သို့ပြောရမည်နည်း။ မည်ကဲ့သို့ပြောလျှင် နားလည်လွယ်သနည်း။ ယနေ့တွင် ကျွန်မတို့က တရုတ်စကားပုံများအချို့ကို အတူတူလေ့လာသင်ယူကြပါစို့။

၁။ နည်းရောင်းများရောင်း၊ တောင်းပြည့်။

နည်းနည်းဝယ်လည်းရောင်း။ များများဝယ်လည်းရောင်း။ ရောင်းဖန် များသော် ငွေထည့်သောတောင်းပြည့်လာသကဲ့သို့ နည်းနည်းရလည်းစု များများရလည်းစု၊ စုဖန်များသော် ပြည့်ဝကုံလုံလာသည်။
၂။ ပျားကိုပုံပြု၊ ခြကိုတု။
ပစ္စည်းဥစ္စာရှာဖွေရာ ပျားနှင့်ခြကို အတုယူရမည်။ တရွေ့ရွေ့ဆည်း ပူးရမည်။

မြွေပါလည်းဆုံး၊ သားလည်းဆုံး။
မြွေပါရော သားပါ ဆုံးရှုံးရသကဲ့သို့ နှစ်ဖက်နှစ်လမ်းနစ်နာဆုံးရှုံးရသည်။

တစ်ရေးနိုးသော်အကြံပေါ်။
ပေါ်သည့်အကြံတစ်သိန်းတန်၊ တစ်ခါတစ်ရံ တစ်ရေးနိုးရသော အကြံသည် အလွန်တန်ဖိုးရှိလှသည်။

ဆင်ဖြူတော်မှီကြံစုပ်။
ဆင်ဖြူတော်အတွက် ဆက်သသောကြံကို ဆင်ထိန်းကွပ်မြှောင်၍ စုပ်သကဲ့သို့ အရှိန်အဝါရှိသူကို မှီ၍အခွင့်အရေးယူသည်။

ကိုယ့်ပေါင်ကိုယ်လှန်ထောင်း။
ကိုယ်နာကျင်မည်ကို အမှုမထားမိဘဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သကဲ့သို့ မိမိနစ်နာမည်ကို မတွက်မိဘဲ မိမိဘက်မှအားနည်းချက်ကို ဖွင့် ဟပြောဆိုသည်။

ပတ္တမြားဆန်ကျိုး အဖိုးပြည်တန်။
ဆန်ကျိုးခန့်သာရှိသောပတ္တမြားကောင်းသည် တိုင်းပြည်တစ်ပြည် ပင် ထိုက်တန်သည်ဆိုသဲ့သို့ ပမာဏအားဖြင့် မပြောပလောက်သော် လည်း အဖိုးအနဂ္ဃထိုက်တန်သည်။

၁။ ဓါးမထက် ဓါးသွေးကျောက်အပြစ်တင်။
ဓါးမသွေးတတ်၍ဓါးမထက်သည်ကို ဓါးသွေးကျောက်အပေါ် အ ပြစ်လွှဲချသကဲ့သို့ မိမိအသုံးမကျသည်ကို မိမိအပြစ်ဟုမမြင်ဘဲ သူတစ်ပါး အပေါ်သာအပြစ်လွှဲချသည်။
၂။ အကမတတ်ဖျာခေါင်းချ၊
အကမတတ်သဖြင့် အဆင်မပြေဖြစ်သည်ကို ဖုံးကွယ်ရန် ဖျာကိုယိုး မယ်ဖွဲ့၍ အပြစ်လွှဲချသကဲ့သို့ မိမိမစွမ်းဆောင်နိုင်သည်ကို ဖုံးကွယ်ရန် အကြောင်းတစ်စုံတစ်ရာမှာကြံ၍ အပြစ်လွှဲချသည်။
အကမတတ် ဖျာအပြစ်တင်နှင့်အတူတူ။

ငါးစိမ်းမြင် ငါးကင်ပစ်။
မြေခွေးသည် ငါးစိမ်းကို မြင်ကာမျှနှင့် မိမိပါးစပ်ထဲကငါးကင်ကို စွန့်ပစ်သကဲ့သို့ အသစ်ကို မြင်ကာမျှနှင့် မိမိလက်ဝယ်ရှိသောအဟောင်း ကို စွန့်ပစ်သည်။