ဧပြီလတွင် ယူနန်ပြည်နယ်ဒေသအသီးသီး၌ သင်္ကြန်ပွဲတော်ကို စည်ကားစွာဆင်နွှဲကြမည်

2018-04-11 18:00:22 |သတင်းအရင်းအမြစ် 云桥网

သင်္ကြန်ပွဲတော်ကို မြန်မာ၊ ထိုင်း၊ လာအို စသည့်အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတို့တွင်သာ ဆင်နွှဲကြသည်မဟုတ်ပဲ တရုတ်နိုင်ငံယူနန်ပြည်နယ်လည်း ရှေးယခင်ကတည်းက သင်္ကြန်ပွဲတော်ကို ခမ်းနားသိုက်မြိုက်စွာ ထောပနာပြု ကျင်းပလေ့ရှိသည်။ ထိုသင်္ကြန်ပွဲတော်ကာလတွင် တရုတ်နိုင်ငံ၏ ဒေသအသီးသီးမှ ဧည်သည်များသည် ယူနန်ကိုရောက်ရှိလာကြပြီး ဒေသခံများနှင့်အတူ ရေပက်ကစားခြင်းမှတစ်ဆင့် မင်္ဂလာရှိခြင်း၊ ကျန်းမာရေးစေခြင်း စသည်တို့ကို အပြန်အလှန် ဆုတောင်းပတ္ထနာပြုကြသည်။ ယခုနှစ်၏သင်္ကြန်ပွဲတော် ကျင်းပရန်အချိန်လည်း နီးကပ်နေပြီဖြစ်သောကြောင့် သူငယ်ချင်းတို့အနေဖြင့် အတူတကွပျော်ရွှင်ရန် အဆင်သင့်ဖြစ်နေကြပြီလား။

တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင်

ရင်ကျန်းခရိုင်၏သင်္ကြန်ပွဲတော်အခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ရင်ကျန်းခရိုင် တိုင်-တိုင်းရင်းသားယဉ်ကျေးမှုဥယျာဉ်တွင် ကျင်းပမည်ဖြစ်သည်။ လတ်ဆတ်ပန်းများခူးခြင်း၊ လူမျိုးစုစည်းလုံးညီညွတ်မှုရှိခြင်း စသည့်အဓိကခေါင်းစဉ်ဖြင့် တည်ခင်းကျွေးမွေးဧည့်ခံခြင်း၊ ရေပက်ကစားခြင်း၊ ရှမ်းအိုးစည် တီးမှုတ်ကခုန်တင်ဆက်ခြင်း စသဖြင့် သင်္ကြန်ပွဲတော်နွှဲပျော်ရန် စီစဉ်ထားပါသည်။ တိုင်တိုင်းရင်းသားတို့သည် ခူးယူထားသော လတ်ဆတ်သည့်ပန်းများဖြင့် ရေကန်အားအလှဆင်ထားသည့်အပြင်၊ မိမိတို့၏ အိမ်တံခါးဝနှင့် ကားများပေါ်တွင် အလှဆင်ထားကြပြီး နှစ်သစ်တွင် ကျန်းမာချမ်းသာပါစေကြောင်းဟု ဆုတောင်းမင်္ဂလာပြုကြသည်။

ဟယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့

မန်စီမြို့၏ သင်္ကြန်ပွဲတော်ကို ဧပြီလ(၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ပွဲတော်အစီအစဉ်မှာ အလွန်များပြားလှပြီး ပန်းများဖြင့် ရေကန်အလှဆင်ကြခြင်း၊ သောင်းနှင့်ချီသောလူများစုဝေးပြီး ရေပက်ကစားခြင်း၊ တိုင်းရင်းသား အစားအသောက်များ မြည်းစမ်းစားသောက်ကြခြင်း စသည်ဖြင့် အစီအစဉ်မှာ အမျိုးအစားစုံလင်လှပါသည်။ ထို့ပြင် တိုင်-တိုင်းရင်းသားဖျော်ဖြေမှုအစီအစဉ် 《သူရဲကောင်း An Daoren》ကို တင်ဆက်ပြသမည်ဖြစ်ပြီး《သူရဲကောင်း An Daoren၏ အတွေးအခေါ်ဆိုင်ရာ သုတေသနစာတမ်း》ပထမအကြိမ် ထုတ်ဝေခြင်းအခမ်းအနားလည်း တစ်ချိန်တည်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆောင်ပန်းနား

စစ်ဆောင်ပန်းနားသည် ဧပြီလ(၁၂)ရက်နေ့မှ(၁၆)ရက်နေ့အထိ သင်္ကြန်ပွဲကို ကျင်းပမည် ဖြစ်ပြီး တိုင်တိုင်းရင်းသားသက္ကရာဇ် ၁၃၈၀ ခုနှစ် နှစ်သစ်ကူးပွဲတော်လည်း ဖြစ်သည်။ ယခုနှစ် သင်္ကြန်ပွဲတော်အစီအစဉ်များကို မကြေငြာသေးသော်လည်း အရင်ကနှစ်များက အစီအစဉ်ကိုတော့ မေ့နိုင်ကြမည်မဟုတ်ပါ။ ဒေသခံနှင့်ခရီးသည်များသည် စုဝေးပြီး မီးပုံးပျံများ လွှတ်တင်ကြသည်။ မြစ်ချောင်းအတွင်း မီးပုံးများ၊ မီးဖောင်များမျှော်ကြသည်။ အဆိုပါမြင်ကွင်းသည် ကဗျာတစ်ပုဒ်ကဲ့သို့ပင် သိမ်မွေ့နူးညံ့ လှပနေပါတော့သည်။

ယူနန်တိုင်းရင်းသားကျေးရွာ

ဧပြီလ (၁၃)ရက်နေ့မှ(၂၂)ရက်နေ့အထိ ကူမင်းမြို့တွင်ရှိသော ယူနန် တိုင်းရင်းသားကျေးရွာတွင် တိုင်တိုင်းရင်းသားလူမျိုး ၁၃၈၀ ခုနှစ် နှစ်သစ်ကူးသင်္ကြန်ပွဲကို ထောပနာပြုကျင်းပကြမည်ဖြစ်သည်။ နေ့စဉ် များပြားလှသော ဖျော်ဖြေမှုအစီအစဉ်နှင့် ပျော်ရွှင်ဖွယ်ရေကစားခြင်းအစီအစဉ်တို့ကို စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။