ကူမင်းမာရသွန်အပြေးသမားများ၏ ပန်းဝင်ခါနီးအမူအရာများ

2018-04-16 18:26:37 |သတင်းအရင်းအမြစ် 云南网

၂၀၁၈ ခုနှစ် တရုတ်လယ်ယာစိုက်ပျိုးရေးဘဏ်(ABC) ကြီးမှူးကျင်းပသော ကူမင်းကုန်းပြင်မြင့်နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲကို ဧပြီလ(၁၄)ရက်နေ့ နံနက်(၈)နာရီခွဲက ယူနန်ပြည်နယ်ပြတိုက်မှ စတင်တာလွှတ်သည်။ ယနှစ် ကူမင်းတွင် ပထမအကြီးကျယ်ဆုံးသော မာရသွန်အပြေးပြိုင်ပွဲဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် အပြေးသမားတစ်သောင်းငါးထောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းပြိုင်ပွဲ၏ တာလွှတ်ရာနေရာဖြစ်သော ယူနန်ပြတိုက်သစ်/ ယူနန်ပြဇာတ်ရုံကြီးမှစတင်ပြီး ကွန်ဖူလမ်း၊ ယူရှူလမ်း၊ ဟွန်ဟူအရှေ့ပိုင်းလမ်း၊ ထော်ဖုန်လမ်း၊ ချိုင်ယူတောင်ပိုင်းလမ်း၊ ချွမ်ယုံလမ်း၊ လောကျိုးလမ်းတလျောက်ပြေးကာ ကူမင်းချိန်ဂုံမြို့နယ် မြို့အဆင့်အုပ်ချုပ်မှုစင်တာရင်ပြင်သို့ ရောက်ရှိပန်းဝင်ကြသည်။ နောက်ဆုံးပန်းဝင်ခါနီး အပြေးသမားများ၏ အမူအရာများကို အတူခံစားကြည့်ရှုကြရအောင်။