“ကမ္ဘာ့၏ ရှမ်ဂရီလာ”ခေါင်းစဉ်ဖြင့် Micro ဗီဒီယိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဇာတ်လမ်းများ စတင် ဖိတ်ခေါ်

2018-04-23 16:11:01 |သတင်းအရင်းအမြစ် 迪庆州委宣传部

ယူနန်ပြည်နယ်တီချင့်ပြည်နယ်ခွဲ ပြန်ကြားရေးဦးစီးဌာနနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ပူးတွဲဦးစီးကျင်းပသော “ကမ္ဘာ့၏ ရှမ်ဂရီလာ”ခေါင်းစဉ်ဖြင့် Micro ဗီဒီယိုပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ရှမ်ဂရီလာအကြောင်း ရိုက်ကူးထားသောဗီဒီယိုများကို ပြိုင်ပွဲအတွက်ပေးပို့နိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း ဧပြီလ(၂၀)ရက်နေ့ကသိရသည်။

အဆိုပါ Micro ဗီဒီယိုပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည့်ဗီဒီယိုများ၏ အဓိကအကြောင်းအရာသည် တီချင့် ပြည်နယ်ခွဲ၏ သဘာဝရှုခင်းများ၊ ပေါများကြွယ်ဝသော တိုင်းရင်းသားလူမျိုးစုယဉ်ကျေးမှု၊ ပြေပြစ် တည်ငြိမ်သော လူမှုနေထိုင်မှုများဖြစ်ကြောင်း သတင်းအရသိရသည်။

ပြိုင်ပွဲတွင် ဆုအမျိုးအစား(၃)မျိုး သတ်မှတ်ထားမည်ဖြစ်ပြီး ပထမဆုအတွက် တရုတ်ငွေ ယွမ် (၁) သိန်းကို ချီးမြှင့်ပေးသည်။ ဒုတိယဆုအား (၂)ဆု စီစဉ်ထားပြီး ဆုကြေးငွေ တရုတ်ငွေယွမ်(၅၀၀၀၀)စီ ချီးမြှင့်မည်ဖြစ်ကာ တတိယဆုအား ၃ ဦးမှ ၅ ဦးထိစီစဉ်ထားပြီး ဆုချီးမြှင့်ငွေသည် တစ်ယောက်လျှင် တရုတ်ငွေယွမ်(၁၀၀၀၀)စီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။