ပြည်တွင်းပြည်ပမှအမွှာပူးတစ်ထောင်ကျော်တို့သည် မေဒေးနေ့က ယူနန်မော်ကျန်းတွင် အမွှာပွဲတော်ကို အတူဆင်နွှဲကြ

2018-05-03 18:24:21 |သတင်းအရင်းအမြစ် 新华网

တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုးရီးယား၊ ယူကရိန်း၊ တွင်ပင်နစ္စတန်၊ ဗင်နေဇွေလာ၊ အာဂျင်တီးနား၊ ဆိုက်ပရပ်၊ မလေးရှားစသည့်နိုင်ငံ(၁၁)နိုင်ငံတို့မှ အမွှာတစ်ထောင်ကျော်တို့သည် ဧပြီလ(၂၉) ရက်နေ့မှ မေလ(၁)ရက်နေ့ထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူလ်မြို့ မော်ကျန်းဟာနီတိုင်းရင်း သားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် မော်ကျန်း အမွှာပွဲတော်ကို အတူတကွ ဆင်နွှဲကြကြောင်း ဆင်ဟွာသတင်းမှ သိရသည်။

အဆိုပါအမွှာပွဲတော်၏အစီအစဉ်မှာ များပြားကာ စည်ကားလှပါသည်။ အမွှာပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် အနုပညာပဒေသာကပွဲ၊ အမွှာနယ်လှည့်ဖျော်ဖြေပွဲ၊ "အမွှာများ မော်ကျန်းတွင် ဆုံဆည်းခြင်း"မိတ်ဆုံစားပွဲ၊ အမွှာများ၏ ယဉ်ကျေးမှုနှင့် အတတ်ပညာစွမ်းရည်ပြိုင်ပွဲ၊ မြောက် ယဉ်စွန်းတန်းရှိဒေသ၏ တမူထူးခြားသော မင်္ဂလာလက်ထပ်ပွဲ၊ အမွှာစုပေါင်းထမင်းစားသောက် ပွဲတော်နှင့် ဟာနီလူမျိုးမျက်နှာကို အမဲရောင်ခြယ်ခြင်း ရိုးရာပွဲတော်နှင့် လက်ဖက်ခြောက် အရည်အသွေး ယှဉ်ပြိုင်ပွဲစသည်တို့အပြင် စားကောင်းသောက်ဖွယ်များပွဲတော်၊ လူသောင်းချီ မီးပုံပွဲ၊ နှစ်ယောက်သား လက်ချောင်းများပြိုင်တူထုတ်ပြခြင်းပြိုင်ပွဲနှင့် လက်ရေးလက်သားနှင့် ပန်းချီလက်ရာပြပွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းပြပွဲစသည့်အစီအစဉ်များလည်း ကျင်းပခဲ့ ကြောင်း သိရသည်။

မော်ကျန်း အမွှာပွဲတော်ကို ၂၀၁၅ ခုနှစ်မှစ၍ ကျင်းပခဲ့ရာ ယခုထိ (၁၄)ကြိမ်မြောက်အထိ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံနှင့်ဒေသ(၃၀)ခုမှ အမွှာ(၁၂၀၀၀)ကျော်အား ၎င်းပွဲ တော်တွင် ပါဝင်ဆင်နွှဲနိုင်ခဲ့ပြီဖြစ်သည်။ မော်ကျန်းအမွှာပွဲတော်ကို "နိုင်ငံတကာအကျိုးမှု အရှိဆုံး တိုင်းရင်းသားပွဲတော်"နှင့်"ထူးခြားချက်အရှိဆုံး တိုင်းရင်းသားပွဲတော်"အဖြစ် ချီးမြှင့် ပေးပြီး အမွှာအများဆုံးဆင်နွှဲသည့်ပွဲတော်အဖြစ် Shanghai Great World Guinness record မှ အသိအမှတ်ပြုခဲ့သည်။

ယခုအကြိမ်အမွှာပွဲတော်၏ ပွဲတော်သံတမန်။

အမွှာညီအစ်မ ဝမ်စူယီနှင့် ဝမ်စူယုံ။


ပွဲတော်တွင်ပါဝင်ဆင်နွှဲကြသည့် နိုင်ငံခြားအမွှာများကို တွေ့ရစဉ်။

အဝေးကဧည့်သည်တော်များ။