ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်သည် ထိန်ချုံးခရိုင်နှင့်ပူးတွဲပြီး လန်ချမ်း-မဲခေါင်မြစ် အသက်မွေး ဝမ်းကျောင်းပညာသင်အခြေစိုက်စခန်းတည်ဆောက်

2018-05-11 17:47:15 |သတင်းအရင်းအမြစ် 云桥网

တရုတ်-အာဆီယံပညာရေးမွမ်းမံစင်တာ၊ လျန်ချမ်း-မဲခေါင်မြစ်အသက်မွေးဝမ်းကျောင်း ပညာသင် အခြေစိုက်စခန်း(ထိန်ချုံး)နှင့် ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်အသက်မွေးဝမ်းကျောင်း ထျိန်ချုံး ပညာသင်အခြေစိုက်စခန်း ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို မေလ(၁၀)ရက်နေ့က ထိန်ချုံးမြို့၌ ကျင်းပခဲ့သည်။

အဆိုပါပညာသင်အခြေစိုက်စခန်းကို ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်နှင့် ထိန်ချုံးခရိုင်တို့ ပူးပေါင်းဆောင်ရွက် တည်ဆောက်ခြင်းဖြစ်သည်။ နောင်တွင် မြန်မာကျောင်းသူကျောင်းသားနှင့် နည်းပညာ၊ အတတ်ပညာသမားတို့အတွက် မွမ်းမံသင်တန်းပေးခြင်း၊ မြန်မာနိုင်ငံမှတရုတ်လူငယ် များအတွက် ဘွဲ့သင်တန်းပေးခြင်း၊ တရုတ်နိုင်ငံတွင်နေသောနိုင်ငံခြားအရာရှိအတွက် ပညာရပ်ဖလှယ် ပွဲများ ကျင်းပခြင်း၊ နိုင်ငံခြားကို ပညာသင်ကြားရေးကူညီပေးခြင်း၊ သီးသန့်နယ်ပယ်အတတ်ပညာရှင် မွမ်းမံသင်တန်းပေးခြင်းစသည်တို့ကိုလည်း ထိန်ချုံးမြို့တွင် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားသည်။

၂၀၁၄ ခုနှစ်မှ ယနေ့အချိန်ထိတိုင်၊ ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်သည် ရွှေလီ၊ မွန်လ၊ ချွမ်းရွန် စသည့်ဒေသ(၇)ခုတွင် နိုင်ငံတကာအသက်မွေးဝမ်းကျောင်းပညာသင်အခြေစိုက်စခန်းကို တည်ထောင် ခဲ့ပြီး မွမ်းမံသင်တန်းတက်ရောက်နေသူဦးရေသည် (၁၁၈၀၀)ခန့်ရှိသည်ဟု သတင်းအရ သိရပါသည်။