ယူနန်လက်ထပ်ထိမ်းမြားခြင်းယဉ်ကျေးမှု(၁) -- ဂျီနောတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ

2018-05-14 19:14:30 |သတင်းအရင်းအမြစ် 云桥网

အိမ်ထောင်ပြုခြင်းဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ခဏတာတွေ့ဆုံမှုမှ တစ်သက်တာ ဘ၀ကြင်ဖော်ဖြစ်လာရခြင်း ဖြစ်ပါသည်။

ယူနန်တိုင်းရင်းသားလူမျိုးစုများသည် ကွဲပြားခြားနားသော နေထိုင်မှုပတ်ဝန်းကျင်နှင့် မတူညီသော ယဉ်ကျေးမှုအနှစ်သာရကြောင့် မတူညီသော လက်ထပ်ထိမ်းမြားခြင်းဓလေ့ ထုံးစံများ ရှိကြသည်။ လက်ထပ်ထိမ်းမြားခြင်းဓလေ့ထုံးစံများ ကွဲပြားသော်လည်း ချစ်ခြင်း မေတ္တာ၊ ဝတ္တရား၊ ရိုးဖြောင့်တည်ကြည်သစ္စာရှိမှု ဟုဆိုသော အိမ်ထောင်တစ်ခု၏ ပင်ကိုယ် သဘောသဘာဝမှာ တူညီကြပါသည်။ တိုင်းရင်းသားလူမျိုးစုတိုင်း လက်ထပ်ထိမ်းမြားခြင်း ဓလေ့ထုံးစံများမှတစ်ဆင့် များပြားကြွယ်ဝသော ယူနန်တိုင်းရင်းသားယဉ်ကျေးမှုကို လေ့လာ ကြစို့။ (စာ-ဝမ်တန်)

ဂျီနောတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားခြင်းယဉ်ကျေးမှု -- ကောက်ရိုးဖြင့် စိတ်နှလုံးသား ကိုဖော်ပြပြီး တံမြက်စည်းကို လက်ဖွဲ့ပစ္စည်းအဖြစ်ပေးသည်။

လက်ဆောင်ဖြင့် စုံမက်စွဲလန်းမှုချစ်ခြင်းမေတ္တာကို ဖော်ပြလေ့ရှိသည်။

သဘာဝသစ်တောတွင် နေထိုင်သော တိုင်းရင်းသားဖြစ်သည့် ဂျီနောတိုင်းရင်း သားတို့သည် နေ့စဉ်သုံးပစ္စည်းများကို သဘာဝပစ္စည်းများဖြင့် ပြုလုပ်အသုံးပြုလေ့ ရှိကြသည်။ လူငယ်များသည် ချစ်ခြင်းမေတ္တာကိုဖော်ကျူးသည့်လက်ဆောင်များကို ဝါးပင်၊ မြက်ပင်စသည်များဖြင့် ရက်လုပ်ကြသည်။ ချေးဖာပိုးသည် သဘာဝကျသော အရောင်အဆင်းရှိသောကြောင့် ရတနာအဖြစ် ဂျီနောတိုင်းရင်းသားက သတ်မှတ်ကြသည်။ သမိုင်းတွင် ဂျီနောလူငယ်အမျိုးသား လွယ်ထားသည့် ချေးဖာပိုးအကောင်ရေကို ကြည့်ခြင်းအားဖြင့် လူငယ်အမျိုးသမီးများ၏ ချစ်ခြင်းမေတ္တာယုံကြည်ခြင်း နှလုံးသား ရပ်တည်ချက်ကို ဖော်ပြတတ်ကြသည်။ လွတ်လပ်သော ချစ်ခြင်းမေတ္တာကို ယုံကြည်သည့် ဂျီနောကျေးရွာများတွင် ဂျီနောတိုင်းရင်းသားမိန်းကလေး သည် ချစ်ကြိုက်သောကောင်လေးအား ချစ်ခြင်းမေတ္တာကိုဖော်ပြရာတွင် တောင်ပေါ်မှ ချေးဖာပိုးများစွာကို ဖမ်းဆီးကာ လက်ဝတ်တန်ဆာအဖြစ် ပြုလုပ်ထားပြီး အသည်းစွဲအောင်ချစ်သောကောင်လေးထံသို့ ပို့ပေးလေ့ရှိသည်။

ဂျီနောတိုင်းရင်းသားတို့သည် လက်ဆောင်ဖြင့် စုံမက်စွဲလန်းမှုချစ်ခြင်းမေတ္တာကို ဖော်ပြလေ့ရှိသည်။ သူတို့နေထိုင်သော သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်ပါသည်။ ထို့ပြင် စာမရှိသဖြင့် ထက်မြက်သော ဂျီနောတိုင်းရင်းသားသည် နေထိုင်မှုဘ၀တွင် ရုက္ခပင်များဖြင့် စုံမက်စွဲလန်းမှုကို ဖော်ပြသည့်နည်းလမ်းကို ရှာဖွေတွေ့ရှိကြခြင်း ဖြစ်သည်။ သူ့တို့၏ထုံးစံသည် သူ့အလိုအလျောက်ဖြစ်လာသည့်အတွက်ကြောင့် နေထိုင်မှုဘ၀တွင် ကောင်းမွန်သောမင်္ဂလာသုခနှင့် ပြည့်နှက်နေပါသည်။ ယခုခေတ်တွင် ဘဘာဝကပေးစွမ်းသောလက်ဆောင်များသည် ဂျီနောတိုင်းရင်းသားယဉ်ကျေးမှုကို ဖော်ပြနိုင်သော အကောင်းဆုံးအရာလည်း ဖြစ်ပါသည်။

"လွတ်လပ်စွာ ချစ်ကြိုက်နိုင်သည်၊ အိမ်ထောင်ကျလျှင်တော့ မလွတ်လပ်တော့ပေ။"

"လွတ်လပ်စွာ ချစ်ကြိုက်နိုင်သည်၊ အိမ်ထောင်ကျလျှင်တော့ မလွတ်လပ်တော့ပေ။" ဟု ဂျီနောတိုင်းရင်းသားများ ပြောဆိုလေ့ရှိကြသည်။ ဂျီနောတိုင်းရင်းသားတို့သည် လွတ်လပ်စွာချစ်ကြိုက်ကြပြီး အောင်သွယ်မလိုဘဲ ရေစက်ဆုံလျှင် အိမ်ထောင်ပြုတတ်ကြသည်။ အမျိုးသားနှင့်အမျိုးသမီးတို့ အချင်းချင်း ချစ်ကြိုက်ပါက မိမိ၏အချစ်မေတ္တာကို နည်းလမ်းအမျိုးမျိုးအဖုံဖုံဖြင့် ဖော်ပြတတ်ကြသည်။ သို့သော်လည်း လက်ထပ်ထိမ်းမြားခြင်းပြုသည့်အခါတွင် ဂျီနောတိုင်းရင်းသားတို့သည် ဓလေ့ထုံးစံများအတိုင်းသာ လိုက်နာကျင့်သုံးဆောင်ရွက်ကြရသည်။

ဂျီနောတိုင်းရင်းသား၏ လက်ထပ်ထိမ်းမြားခြင်းယဉ်ကျေးမှုတွင် "သွေးသားတော်စပ်မှုရှိလျှင် အိမ်ထောင်ပြုလို့မရပေ။" "အသက်အားဖြင့် အမျိုးသမီးအတွက် (၇)ပါလျှင်၊ အမျိုးသားအတွက် (၉)ပါလျှင် အိမ်ထောင်မပြုရပေ။" "တရုတ်ပြက္ခဒိန် (၆)လပိုင်းမှ(၉)လပိုင်းထိ မိုးရွာသွန်းမှုများပြားခြင်းကြောင့် အိမ်ထောင်မပြုရပေ။" ဂျီနောတိုင်းရင်းသားများနေထိုင်ကြသော ကျေးရွာအုပ်စုတွင် ဤကဲ့သို့ မင်္ဂလာဆောင်ဓလေ့ထုံးစံများသည် ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်လာခြင်းဖြစ်သည်။