ယူနန်လက်ထပ်ထိမ်းမြားခြင်းယဉ်ကျေးမှု(၄) -- အာချမ်းတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ

2018-05-28 18:23:31 |သတင်းအရင်းအမြစ် 大观周刊

အာချမ်းတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ -- အချစ်တေးဆိုရင်းဖြင့် အိမ်ထောင် ဖက်ကောင်း ရှာဖွေသည်။ တူရှည်ဖြင့် သတို့သားအား ကျီစယ်သည်။

အချစ်တေးဆိုရင်းဖြင့် အိမ်ထောင်ဖက်ကောင်းရှာဖွေသည်။

သတင်းစီးဆင်းမှုနှေးကွေးခက်ခဲပြီး တိုးတက်သောဆက်သွယ်ရေးကိရိယာ ရှားပါး ချိန်ဖြစ်သောကြောင့် အာချမ်းတိုင်းရင်းသားလူမျိုးသည် နေ့စဉ်နေ့တိုင်း ပေါင်းသင်းဆက်ဆံ ရာတွင်သော်လည်းကောင်း၊ ချစ်သူရည်းစားတို့ လွမ်းတမ်းတစိတ်နှင့် ချစ်ခင်တွယ်တာမှုကို ထုတ်ဖော်ပြသရာတွင်သော်လည်းကောင်း တေးသီချင်းဖြင့်သာ သီဆိုပြသလေ့ရှိသည်။ "ညီမလေးဟာ မီးသွေးဖြစ်ရင် အစ်ကိုကတော့ မီးဖြစ်မယ်။ ညီမလေးရှိမှပဲ အစ်ကိုလည်း ရှိမှာ ပါ" ဟူသောစာသားပါ အချစ်တေးသီချင်းကို သီဆိုရင်းနှင့် သတ္တိကောင်းသောကောင်လေး က အလွန်ဖွဲ့ဖွဲ့နွဲ့နွဲ့ဖြင့် ချစ်ခြင်းကို ဖော်ပြသည်။ ထိုသို့ဖြင့် မကြာမီတွင် ကောင်လေးနှင့် ကောင်မလေးတို့သည် ချစ်သူရည်းစားဖြစ်လာတတ်ကြသည်။

တူရှည်ဖြင့် သတို့သားအား ကျီစယ်သည်။

အာချမ်းတိုင်းရင်းသားလူမျိုးသည် ထိမ်းမြားမင်္ဂလာဆောင်အခမ်းအနားကို ကျင်းပ သည့်နေ့တွင် သတို့သမီး၏ ဆွေမျိုးနှင့်မိတ်ဆွတို့သည် ချစ်ခင်စွာဖြင့် ပျော်ရွှင်လိုသော ဆန္ဒအားဖြင့် သတို့သားအား ကျီစယ်နည်းမျိုးစုံဖြင့် တားဆီးမှုများပြုလုပ်တတ်သည်။ ကျီစယ်မှု အမျိုးမျိုးထဲတွင် တူရှည်ဖြင့် သတို့သားအား ကျီစယ်သည်မှာ တမူထူးခြား လှပါသည်။ သတို့သမီး၏ မိဘအိမ်၌ စားပွဲရှည်တွင် ခံတွင်းတွေ့စေမည့် ပေါများကြွယ်ဝသော ဟင်းလျာများတင်ထားပြီး သတို့သားရောက်ရောက်ချင်း သတို့သမီး၏ မိသားစုဝင်သည် ဝါးဖြင့် ထုတ်လုပ်သော "တူရှည်"ကို ထမ်းလာသည်။ ဤတူရှည်မှာ (၃)မီတာ ရှည်လျားပြီး စက္ကူအနီအား အလယ်ဗဟိုတွင် တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်ထားကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါသည်။ တူရှည်ပေါ်တွင် ပြောင်းဖူး၊ ခဝဲသီးနှင့် တောစူကာစသည့်ပစ္စည်းများလည်း ချိတ်ဆွဲထားသည်။ ထို့ကြောင့် ဤတူတစ်စုံသည် (၁၅)ကီလိုရမ် လေးသည်။ သတို့သားသည် ဤတူရှည်ဖြင့် စားပွဲပေါ်ရှိ ဟင်းများကို မိတ်ဆွေများ၏ ပန်းကန်ထဲသို့ရောက်အောင် ကြိုးစားထည့်ရရှာသည်။

ထပ်ခါထပ်ခါကြိုးစားပြီးနောက် သတို့သားသည်  ခြေလက်ထုံကျဉ်ပြီး ချွေးများကျ လာသည်။ ချွေးတသီးသီးဖြင့် သုတ်သုတ်ပျာပျာဖြစ်နေသောအမူအရာသည် လူများအား အားရပါးရ သဘောကျရယ်မောစေသည်။ တူရှည်၏အလေးချိန်ကို လျော့နည်းစေရန် အတွက် သတို့သားသည် ဆွေမျိုးနှင့်မိတ်ဆွေများအား အန်ပေါင်းပေးလေ့ရှိသည်။ ထိုသို့ဖြင့် တူရှည်ပေါ်တွင် ချိတ်ဆွဲထားသော ပစ္စည်းအချို့ကို ဖြုတ်ပေးသည်။ အခဲအခက်ပေါင်းစုံ ကျော်လွှားပြီးနောက် သတို့သားသည် စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ ကြိုးစားပမ်းစားဖြင့် စားပွဲရှည်ရှိ ဟင်းကောင်းများကို သတို့သမီး၏ ဆွေမျိုးပန်းကန်ထဲသို့ ထည့်ပေး နိုင်တော့သည်။ ထိုအခါတွင် သတို့သား၏ ဆင်းရဲဒုက္ခနှင့် အပင်ပန်းခံနိုင်ရည်ကို သတို့သမီးမိဘက သဘောကျပြီး ချီးကျူးကြကာ ဤသားမက်မျိုးကို စိတ်ထဲက လက်ခံလိုက်တော့သည်။(စာ-သွန်ကျန်ရှင်၊ ပုံ-ပေါင်စန်မြို့ လုံးလင်ခရိုင်ပြန်ကြားရေးဌာန)