ယူနန်လက်ထပ်ထိမ်းမြားခြင်းယဉ်ကျေးမမှု(၅) -- ၀တိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ

2018-05-29 19:13:54 |သတင်းအရင်းအမြစ် 大观周刊

ဝတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ--ညဥ့်နက်သန်းခေါင်တွင် "သတို့သမီး ရှာဖွေခြင်း"ဟုဆိုသော ပျော်ရွှင်ဖွယ်ရာအစီအစဉ် ကျင်းပလေ့ရှိသည်။

ဝတိုင်းရင်းသားလူမျိုးသည် လွတ်လပ်စွာ ချစ်ရေးဆိုပိုင်ခွင့် ရှိပါသည်။ ရှေးယခင်က ၀တိုင်းရင်းသားလူငယ်များသည် အသက်(၁၅)နှစ်သို့မဟုတ်(၁၆)နှစ်ပြည့်ပါက ချစ်ရေး ဆိုသော ပျော်ရွှင်မှုအစီအစဉ်ကို ဆင်နွှဲနိုင်ကြသည်။ ဤအစီအစဉ်မှာ ဒေသခံများက "ကောင်မလေးအိမ်သို့ သွားလည်ခြင်း"ဟု အသိအမှတ်ပြုခေါ်ဝေါ်သည်။

"ကောင်မလေးအိမ်သို့ သွားလည်ခြင်း"

"ကောင်မလေးအိမ်သို့ သွားလည်ခြင်း"အစီအစဉ်ကို ဆင်နွှဲရန် အထူးသတ်မှတ် ထားသောနေရာဟူ၍ မရှိပါ။ များသောအားဖြင့် ကောင်မလေးအိမ်တွင် ဆင်နွှဲခြင်း ဖြစ်သည်။ ညပိုင်းအချိန်တွင် လူငယ်များသည် တစ်နေရာတွင် ဆုံဆည်းကာ ကြိုးတပ်စောင်းနှင့် ပလွေတီးမှုတ်ရင်းဖြင့် သူတို့အား စောင့်မျှော်နေသော ကောင်မလေးအိမ်သို့ အတူတူ သွားရောက်လည်ပတ်လေ့ရှိသည်။ တေးသီချင်း သီဆိုရင်း ကပြကြသည်။ ဆေးပင်နှင့် ကွမ်းများကို လက်ဆောင်အဖြစ် အချင်းချင်းပေးကြသည်။ ကောင်လေးနှင့်ကောင်မလေးတို့သည် အချင်းချင်း ခေါင်းဖြီးပေးရင်း မြူးထူးစွာ ဆူပူနောက်ပြောင်ကြသည်။

ဤအစီအစဉ်ကို ဆင်နွှဲရာတွင် အံ့လည်းအံ့သြမိသောဖြစ်ရပ်များ ဖြစ်ပေါ်တတ်သည်။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို သဘောကျပါက ဤ ကောင်မလေး၏ လက်ဝတ်ရတနာ၊ ခေါင်းစည်းပုဝါစသည့်ပစ္စည်းများကို အခွင့်ကောင်း ယူပြီး လုယူလာသည်။ ထိုသည်မှာ သူအား ထိမ်းမြားလိုကြောင်း ဆန္ဒဖော်ပြခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ကောင်မလေးသည် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အော်ကြီးဟစ်ကျယ်လုပ်ပြီး ဟန်ဆောင်ပါတော့သည်။ သုံးလေးရက် အကြာမှ သူ့ပစ္စည်းများကို ပြန်တာင်းယူခြင်းမပြုလျှင် အဆိုပါကောင်လေးကို လက်ခံသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင် ချစ်ရေးဆိုသောကောင်လေးနှင့် ကောင်မလေးတို့ သည် လူငယ်အုပ်စုအစီအစဉ်များကို မဆင်နွှဲတော့ဘဲ မိမိတို့နှစ်ယောက်သာ သီးသန့် တွေ့ဆုံကြတော့သည်။ ပြီးနောက် အကုန်လုံးအဆင်ပြေကြချိန်တွင် ကောင်လေးက အောင်သွယ်တော်ဖြင့် ထိမ်းမြားလိုကြောင်း ဆန္ဒကို သိရှိနိုင်ရန် အသိပေးသည်။ စေ့စပ် ကြောင်းလမ်းထားကာ လက်ထပ်ထိမ်းမြားမင်္ဂလာအခမ်းအနားကို ကျင်းပပြီးနောက် တစ်အိုးတစ်အိမ်ထူထောင်ကြသည်။

"သတို့သမီးရှာဖွေခြင်း"ဟုဆိုသော ပျော်ရွှင်ဖွယ်ရာအစီအစဉ်

ဝတိုင်းရင်းသားလူမျိုး လက်ထပ်ထိမ်းမြားမင်္ဂလာအခမ်းအနားကျင်းပသည့်နေ့ ည (၁၁)နာရီက "သတို့သမီးရှာဖွေခြင်း"ဟုဆိုသော ပျော်ရွှင်ဖွယ်ရာအစီအစဉ်ကို စတင်ပြီး အချိန်မှတ်စက်ကို ဖွင့်ထားသည်။ ည(၁၂)နာရီမတိုင်မီ သတို့သားသည် သတို့သမီးကို ရှာမတွေ့ရှိလျှင် ဆုံးရှုံးသွားမည်ဖြစ်သည်။

၎င်းအစီအစဉ်တွင် သတို့သားသည် သူ့ချစ်ခင်သောဆွေမျိုးနှင့်မိတ်ဆွေများအား အကူအညီတောင်းဆိုပြီး သတို့သမီးကို နေရာအနှံ့ သွားရှာကြသည်။ ည(၁၂)နာရီ မတိုင်မီ သတို့သမီးကို ရှာဖွေပြီး အိမ်သို့ ပို့လိုက်နိုင်မှသာ ဤလက်ထပ်ထိမ်းမြား မင်္ဂလာအခမ်းအနားပွဲ အောင်မြင်စွာ ကျင်းပနိုင်မည့်အဓိကအချက်ဖြစ်ပါသည်။

ည(၁၂)နာရီထိုးပြီးနောက် သတို့သားသည် သတို့သမီးကို ရှာမတွေ့ခဲ့လျှင် နှစ်ဦးသည် လက်ထပ်လို့ မရနိုင်တော့ပေ။ ထိုအခြေအနေတွင် နှစ်ဦးတို့သည် ချစ်ကြိုက်သော်လည်း ကောင်လေးက ကောင်မလေးကို ယူလို့မရတော့ပါ။ ဝလူမျိုး၏ လက်ထပ်ထိမ်းမြားမှုဓလေ့ ထုံးစံအရ သတို့သမီးအား အိမ်ကို လိုက်ပို့ပေးသည့်အချိန်ကျော်ပါက ကျက်သရေ မင်္ဂလာ မရှိဟု ယူဆကြသည်။ ထိုသို့ဆိုပါက ဤကောင်မလေးသည် သတို့သမီးလည်း မဖြစ် တော့ပေ။

ဝတိုင်းရင်းသားလူမျိုးစုကျေးရွာများတွင် စုံစမ်းလေ့လာချက်များအရ လက်ထပ် ထိမ်းမြားမင်္ဂလာအခမ်းအနားကျင်းပသည့်နေ့က သတို့သမီးရှာမတွေ့သည်မှာ တစ်ခါမှ မဖြစ်ပေါ်ခဲ့ပေ။
သတို့သမီးက သတို့သားအိမ်သို့ စရောက်သည့်နေ့တွင် ခုတင်ပေါ်၌ အိပ်ခွင့်မရဘဲ မိမိ၏ချစ်သူငယ်ချင်းနှင့် မီးလှုံမြေတွင်းဘေးနားတွင်သာ အိပ်နိုင်သည်။ ရှေးယခင်က ၀လူမျိုး၏ နေ့စဉ်ဘ၀တွင် မီးလှုံမြေတွင်းမှာ အရေးကြီးလှပါသည်။ ၀လူမျိုး၏ အစားအသောက်နှင့်နေထိုင်မှုသည် မီးလှုံမြေတွင်းနှင့် နီးနီးကပ်ကပ် ဆက်စပ်နေလျက်ရှိပါ သည်။ ဇနီးသည် ဧည့်သည်တော်ဖြစ်ပြီး မင်္ဂလာဆောင်ပြီးနောက် မီးလှုံမြေတွင်းဘေးနား အကောင်းဆုံးသောနေရာတွင် အိပ်ဖို့ စီစဉ်သင့်ပါသည်။ ထိုနေ့ညပြီးမှ သတို့သမီးသည် မိမိခင်ပွန်းနှင့် အတူတူ တစ်ခုတင်တည်းတွင် အိပ်လို့ ရနိုင်သည်။

သတို့သမီးအား အဆင်ပြေစေရန် ကောင်းကောင်းစီစဉ်ပေးပြီးနောက် သတို့သား သည် ချစ်မိတ်ဆွေများနှင့်အတူ မိုးလင်းထိ သီချင်းသီဆိုရင်း ကပြရင်း အရက်သောက် ကသည်။
စာ-Yang Xiujie၊ ပုံ-Meng Zhiguang