ယူနန်လက်ထပ်ထိမ်းမြားခြင်းယဉ်ကျေးမှု(၆) -- နာရှီတိုင်းရင်းသား၏လက်ထပ်ထိမ်းမြားမင်္ဂလာ

2018-05-30 18:54:39 |သတင်းအရင်းအမြစ် 大观周刊

နာရှီတိုင်းရင်းသား၏ လက်ထပ်ထိမ်းမြားမင်္ဂလာ--အချီအချတေးဆိုပြီးမှ သတို့သမီးသည် သတို့သားအတွက် တံခါးဖွင့်ပေးနိုင်သည်။

နာရှီလူမျိုးလက်ထပ်ထိမ်းမြားမင်္ဂလာအခမ်းအနားကို ကျင်းပသည့် တမြန်မနေ့ နံနက် စောစောပိုင်းက သားမက်သည် ကြိုဆိုသည့်အဖွဲ့ကို ခေါ်ဆောင်ကာ သတို့သမီးမိဘ၏ အိမ်ကို ရောက်ရှိလာသော်လည်း တံခါးမကြီးအား လွယ်လွယ် ဖွင့်မပေးပါ။ သို့သော်လည်း အောင်သွယ်တော်အား ဖိတ်ခေါ်လာသည့်အတွက်ကြောင့် သတို့သားသည် ဤသို့သောအခြေအနေကို ကြုံတွေ့နေရသော်လည်း စိတ်ပူပင်ခြင်းမရှိပေ။

နာရှီလူမျိုး၏ အောင်သွယ်တော်သည် ဘတ်စုံကျွမ်းကျင်သည့် အာဂလူဖြစ်ပါသည်။ အောင်သွယ်လုပ်တတ်သည့်အပြင် အချီအချတေးသီချင်းလည်း သီဆိုတတ်သည်။ ဤသီချင်းမှာ နာရှီတိုင်းရင်းသားလူမျိုးစု ရှေးရိုးရာသီချင်းဖြစ်ရမည်ဖြစ်သည်။ သတို့သားက ဖိတ်ကြားလာသည့် အောင်သွယ်တော်သည် သတို့သမီးက ဖိတ်ကြားလာသည့် တုံပါ(နာရှီစကားတွင် ဉာဏ်အမြော်အမြင်ကြီးသူအား ခေါ်ဝေါ်သည်)နှင့် တံခါးမကြီးအပေါက်တွင် အချီအချသီဆိုကြသည်။ နှစ်ဦးနှစ်ဖက်တို့၏ ချစ်ခင်ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟတို့သည် နာထောင်းရင်းနှင့် ရယ်မောပျော်ရွှင်လာကြသည်။ မှန်ကန် သောအချီအချတေးသီချင်းစာသားဖြင့် ပိုင်နိုင်စွာ သီဆိုနိုင်မှသာ သတို့သားအား တံခါးဖွင့်ပေးသည်။

သတို့သားသည် တွန်းတွန်းတိုက်တိုက်ဖြင့် ခွန်အားစိုက်ထုတ်၍ တိုးဝင်သွားသည်။ သတို့သမီးအား ကြိုဆိုသောအဖွဲ့သည် သတို့သမီးမိဘအား ပို့ပေးသည့်လက်ဆောင်များကို အိမ်အတွင်းသို့ ချက်ချင်းဆိုသလိုပင် ပို့ဆောင်ချိန်တွင် သတို့သမီးမိဘတို့သည် ကြည့်ရှုပြီး သဘောကျမှသာ အခန်းထဲသို့ ပို့ဆောင်ကြရသည်။ ထိုအချိန်တွင် သတို့သမီးမိဘအိမ်၏ မီးလှုံမြေတွင်းဘေးနား၌ ဝိုင်းထိုင်ပြီး အရက်သောက်ကြသည်။ အရက်သောက်သုံးကြရင်း အချီအချတေးသီချင်းလည်း သီဆိုကြရသည်။ ဤအရက်ထဲတွင် ဆိုက်ပရက်(စ)ပင်အရွက်ကို ထည့်ထားရသည်။ နာရှီလူမျိုးသည် ဤအရက်ကို "အဆိပ်ခတ်ထားသောအရက်"ဟု ခေါ်ဝေါ်ပါသည်။ အမှန်ကတော့ ဤအရက်တွင် အဆိပ်မခတ်ပေ။ အားရပါးရ သောက်သုံးလို့ မရဘဲ သောက်သုံးလျှင် နှစ်ဦးသည် လက်ထပ်ထိမ်းမြားရမည်ဖြစ်သည်။ နောင်တရ၍ ကတိခံဝန်ချက်ပယ်ဖျက်ပစ်လို့ မရပေ။

ဒုတိယနေ့ နံနက်ပိုင်းတွင် သတို့သမီး၏ မိခင်သည် သတို့သမီးအတွက် မင်္ဂလာမုန့်ပဲ သရေစာ ချက်ပြုတ်ပေးလေ့ရှိသည်။ ချစ်ခင်ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများသည် လက်ဆောင်များပို့ပေးကြပြီး သတို့သားနှင့်သတို့သမီးတို့သည် သတို့သားအိမ်၌ကျင်းပမည့် မင်္ဂလာဆောင်အခမ်းအနားကို အတူသွားရောက်ပြင်ဆင်ကြသည်။

သတို့သမီးကို ကံကောင်းစွာ ကြိုဆိုနိုင်ပြီဆိုပါက သတို့သမီးမိဘအိမ်တွင်ကျင်းပသည့် မင်္ဂလာဆောင်အခမ်းအနားသည် အောင်မြင်စွာ ပြီးစီးခဲ့ခြင်းပင်ဖြစ်သည်။ ထို့နောက် သတို့သမီး၏ ဦးလေးဦးကြီးနှင့်ဒေါ်လေးဒေါ်ကြီးတို့သည် သတို့သမီးအား သတို့သားအိမ်သို့ လိုက်ပို့ပေးကြသည်။

မင်္ဂလာဆောင်အခမ်းအနားပွဲကို ကျင်းပသည့် ဒုတိယနေ့တွင် သတို့သားသည် သတို့သမီးနှင့်အတူ သတို့သမီးအိမ်ပြန်၍ မိဘများအားဂါရဝပြုပြီးနောက် ယောက္ခမတို့ အားသတို့သားအိမ်သို့ ခေါ်လာကာ နှစ်ဖက်မိဘတို့ တွေ့ဆုံကြသည်။ နာရှီတိုင်းရင်းသားမင်္ဂလာဆောင်အခမ်းအနား၏ခမ်းနားမှုသည် ကျင်းပသည့်အချိန်တွင်း သတို့သမီးနှင့်သတို့သားတို့၏ စိတ်ရိုးသဘောရိုးနှင့် ဉာဏ်စွမ်းအပေါ် မူတည်ပါသည်။

(စာ-Liu Xiaotong၊ Duan Jianxin၊ ပုံ- Liu Xiaotong)