ယူနန်လိကျန်း၏အဇေလီယာပန်းများသည် ဝေဝေဆာဆာဖူးပွင့်နေ

2018-06-04 20:56:50 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် လိကျန်းမြို့ လောင်ကျွမ်းတောင်ပေါ်တွင် အဇေလီယာပန်းများသည် ဝေဝေဆာဆာဖူးပွင့်နေလျက်ရှိပြီး ခရီးသည်များစွာကို ဆွဲဆောင်နေလျက်ရှိသည်။ “ဒီနှစ်ဟာ အဇေလီယာပန်းဖူးပွင့်တာ ဒီဖက်နှစ်ပိုင်းကာလမှာ အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်တယ်”ဟု တာဝန်ရှိသူ တစ်ဦးမှ မိတ်ဆက်ပြောကြားသည်။

ကျွန်တော်တို့သည် ခရီးသည်များနှင့်အတူ လောင်ကျွမ်းတောင်သို့သွားပြီး အဇေလီယာပန်း အကြီး အသေး အားလုံးသည် ဝေဝေဆာဆာဖူးပွင့်နေသည့် အဝါရောင်၊ ခရမ်းရောင်၊ အနီရောင် စသည့် ပန်းရောင်စုံလှပနေပုံကို ကြည့်ရှုကြပါသည်။ ကျွန်တော်တို့၏မျက်စိကို အခြားနေရာသို့မရွှေ့ချင်လောက် အောင် စွဲဆောင်နေပြီး တစ်တောင်လုံးရှိ ပန်းများကိုသာ ကြည့်ချင်နေတော့သည်။

လောင်ကျွမ်းတောင်သည် ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သော“ကျင်းရှား၊ လန်ချမ်းနှင့် နုမြစ် စသည့်မြစ် သုံးသွယ် အတူယှဉ်တွဲစီးဆင်းခြင်း”ရှုခင်းဇုန်၏ ရပ်ကွက်(၈)ခုထဲတွင် တစ်ခုအပါ အဝင်ဖြစ်သည်။ လောင်ကျွမ်းတောင်၏ အဇေလီယာပန်းများသည် ပင်လယ်ရေမျက်နှာပြင်ကီလိုမီတာ (၃၀၀၀) နေရာ တွင် ရှင်သန်ကြီးပင်းနေပြီး ပန်းပွင့်ချိန်သည် အခြားနေရာထက် နည်းနည်းနောက်ကျကာ နှစ်စဉ်မေလ ပိုင်းမှာမှ ဝေဆာလှပသည့်မြင်ကွင်းကို တွေ့မြင်နိုင်သည်။ အံ့သြဖွယ်ရာအများဆုံးအရာတစ်ခုမှာ ပင်လယ်ပြင်မျက်နှာပြင် အပူချိန်နှင့်အညီ အထပ်ထပ်အလွှာလွှာဖူးပွင့်နေပြီး ပင်းကျော်ဟုခေါ်သော ရေကန်တွင် ပန်းများသည် ရေကန်ပတ်လည်ဝိုင်းကာ ပွင့်လန်းလှပနေသည်။