ဆွဲဆောင်မှုရှိသော တရုတ်ပန်းချီလက်ရာများကို မြန်မာပြည်သူလူထုက နှစ်သက်စွာခံစားကြည့်ရှု

2018-06-15 17:46:41 |သတင်းအရင်းအမြစ် CRI

    "လှပသည့်ယူနန်ဟူသော ယူနန်ပန်းချီကား - ပန်းချီဆရာများ၏လက်ရာများပြပွဲ"ကို ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာ တည်ထောင်ပြီးသည့်နောက် မြန်မာပြည်သူများအတွက် ပထမဆုံး အကြိမ် ဖွင့်လှစ်ပြသခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် တရုတ်နိုင်ငံယူနန်ပြည်နယ်နာမည်ကျော်ကြားသည့် ပန်းချီဆရာများ၏ လက်ရာ ၃၀ ကျော်ကို ပြသနေကြောင်း၊ မြန်မာပြည်သူလူထုတို့အား အနုပညာလက်ရာ၏အနှစ်သာရကို ခံစားစေရန်လည်းကောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှုအနုပညာဖလှယ်ရေး နှင့် အတူဖွံ့ဖြိုးမှုကို ပိုမိုနက်ရှိုင်းစေရန်လည်းကောင်း ရည်ရွယ်ထားပါကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

  (သတင်းထောက်-Hong Quanquan)