ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာတွင် လက်ရေးလက်သား၊ ဂျုံဖြင့် လူရုပ်လုပ်ခြင်း၊ လက်ဖက်ခြောက်အနုပညာမွမ်းမံသင်တန်းကို ပထမဆုံး အကြိမ် ဖွင့်လှစ်ခဲ့

2018-06-27 17:17:50 |သတင်းအရင်းအမြစ် 云南网

တရုတ်လက်ရေးလက်သား၊ ဂျုံဖြင့် လူရုပ်ပြုလုပ်ခြင်း အတတ်ပညာ၊ လက်ဖက်ခြောက်အနုပညာ စသောမွမ်းမံသင်တန်းများကို ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာနနှင့် ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတို့ ပူးပေါင်း ကြီးမှူးကျင်းပကာ ရန်ကုန် အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာနှင့် မြန်မာ-တရုတ်ဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအသင်းတို့၏ ပံ့ပိုးကူညီမှု ဖြင့် ဇွန်လ(၂၆)ရက်နေ့က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဖွင့်လစ် ခဲ့ကြောင်း သိရသည်။ ဤမွမ်းမံသင်တန်းမှာ ဇွန်လအတွင်း တရုတ်ယဉ်ကျေးမှု စင်တာမှ ပန်းချီဆရာများ၏ လက်ရာများပြပွဲကို ခင်းကျင်းပြသပြီးနောက် အများပြည်သူအတွက် ဖွင့်လှစ်ပေးသော မွမ်းမံသင်တန်းဖြစ်သည်။ အဆိုပါ သင်တန်းတွင် ယူနန်ပြည်နယ်ယဉ်ကျေးမှုဦးစီးဌာနမှ ယူနန်ပန်းချီပြတိုက်၊ ပန်းချီကောလိပ်၏ ပန်းချီဆရာ ရန်ကျိန်ကော၊ ယူနန်ပြည်နယ်ဒြပ်မဲ့ယဉ်ကျေး မှုအမွေအနှစ် ဂျုံဖြင့် လူရုပ်ပြုလုပ်ခြင်း အတတ်ပညာဆရာမ လျန်ကျွန်လီ၊ ရန်ကုန် အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာမှ လက်ဖက်ခြောက် အနုပညာဆရာမ ကော်လင်နနှင့် ကျီဝမ်ယင်တို့က သင်ကြားပို့ချပေးခြင်းဖြစ် သည်။

မြန်မာနိုင်ငံမိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းသော်လည်း ကျောင်းသူ ကျောင်းသားတို့မှာ စင်တာသို့ တရုတ်ရိုးရာယဉ်ကျေးမှုကို လေ့လာရန် ဇွဲရှိရှိ အရောက်လာကြသည်။ ဤအကြိမ်မွမ်းမံသင်တန်းမှာ ဇူလိုင်လ(၇)ရက်နေ့ တွင် ပြီးစီးမည်ဖြစ်သည်။ အနာဂတ်တွင် ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာ သည် တရုတ်ဘာသာစကား၊ တရုတ်စာ ဧည့်လမ်းညွှန်၊ လက်ရေးလက်သား၊ အက၊ တူရိယာ၊ ဝူရှူးသိုင်းပညာ၊ ထိုက်ကျိသိုင်း၊ ချက်ပြုတ်ခြင်းစသည့် မွမ်းမံသင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ စာဖတ်ပရိသတ် အတွက် စာကြည့်တိုက် ဖွင့်လှစ်ပေးမည်ဖြစ်ကာ ပြပွဲအမျိုးမျိုးအဖုံဖုံကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ဤစင်တာတွင် တရုတ်ရုပ်ရှင်ကို အချိန်ပိုင်းဖြင့် ပြသပေးသွားမည်ဖြစ်ပြီး ဖလှယ်ရေးလှုပ်ရှားမှုများကိုလည်း ကျင်းပမည်ဖြစ်သည်။ ဤကဲ့သို့ဖလှယ်ရေးမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူလူထုအကြား သိရှိမှုနှင့်ချစ်ကြည်ရေးကို မြှင့်တင်ပေးနိုင်မည် ဟု ယုံကြည်ပါကြောင်း သိရသည်။

(သတင်းရေးပို့ပေးသူ--Shi Ying)