Xi’nan သစ်တောပညာတက္ကသိုလ်နှင့် မာလီနိုင်ငံတို့ပူးပေါင်းပြီး ကွန်ဖြူးရှပ်ကောလိပ်တည်ဆောက်

2018-07-02 18:09:01 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံတော်ကွန်ဖြူးရှပ်ကောလိပ်ချုပ်မှ ခွင့်ပြုချက်ကို ရရှိပြီး ယူနန်ပြည်နယ်ရှိ Xi’nan သစ်တော ပညာတက္ကသိုလ်သည် မာလီနိုင်ငံ Bamako လူနေမှုတက္ကသိုလ်နှင့်ပူးပေါင်းကာ ကွန်ဖြူးရှပ် ကောလိပ် ကို တည်ဆောက်ခဲ့သည်။ အဆိုပါကောလိပ်ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို မာလီစံတော်ချိန် ဇွန်လ (၃၀)ရက်နေ့တွင် ကျင်းပခဲ့ပြီး မာလီနိုင်ငံတွင် ပထမဦးဆုံး တည်ဆောက်သော ကွန်ဖြူးရှပ်ကောလိပ် ဖြစ်သည်။

“တရုတ်စာပိုင်နိုင်ခြင်းက ၂၁ ရာစုရဲ့လူငယ်များအတွက်အရေးကြီးတဲ့ စွမ်းအားတစ်ရပ်ဖြစ်တယ်”ဟု မာလီနိုင်ငံ Bamako လူနေမှုတက္ကသိုလ်မှ တာဝန်ခံတစ်ဦး ပြောကြားခဲ့သည်။ မာလီနိုင်ငံ၏ ကွန်ဖြူးရှပ် ကောလိပ်တည်ဆောက်ခြင်းကို တက်ကြွစွာတွန်းအားပေးကြောင်း၊ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး သစ်တော ပညာဆိုင်ရာ တရုတ်ဘာသာမေဂျာကို ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်က စီးပွားဖြစ်အပင် စိုက်ပျိုးခြင်း၊ သစ်သီးများစိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းစသည်တို့ကို Xi’nan သစ်တော ပညာတက္ကသိုလ်တာဝန်ခံက ပြောကြားခဲ့သည်။

သတင်းအရ၊ ၂၀၀၈ ခုနှစ်တွင်၊ Xi’nan သစ်တောပညာတက္ကသိုလ်သည် မာလီ၏အလယ်တန်း ကျောင်းတစ်ကျောင်းနှင့်ပူးပေါင်းပြီး ကွန်ဖြူးရှပ်သင်တန်းတစ်ခုဖွင့်လှစ်ခဲ့ပြီး မာလီ၏ ပထမဦးဆုံး ကွန်ဖြူးရှပ်သင်တန်းဖြစ်လာခဲ့သည်။ ထို့ပြင်၊ Xi’nan သစ်တောပညာတက္ကသိုလ်၏ ကူညီထောက်ပံ့မှု အောက်တွင် မာလီသည် တရုတ်ဘာသာစကားအား တက္ကသိုလ်မေဂျာတစ်ရပ် အနေနှင့် သတ်မှတ် ထားခဲ့သည်။ ယခုနှစ်တွင် Xi’nan သစ်တောပညာတက္ကသိုလ်သည် မာလီနိုင်ငံတွင် လူပေါင်း (၃၆၀၀) ကျော်အတွက် တရုတ်စာသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး မာလီနိုင်ငံ၏ တက္ကသိုလ်ကျောင်းသူ ကျောင်းသား (၅၀)ကျော်သည် Xi’nan သစ်တောပညာတက္ကသိုလ်သို့ ပညာတော်သင်အဖြစ် ပညာယူခဲ့သည်။