တိဗက်လူမျိုးနှင့် ဟန်လူမျိုးအကြား လေးနက်သောသံယောဇဉ်ကို ဖော်ပြသော "ကောင်းကင်လမ်းကြောင်း" ကဇာတ် ပထမဆုံးအကြိမ် တင်ဆက်ပြသ

2018-07-13 10:47:57 |သတင်းအရင်းအမြစ် 云南网

ငြိမ့်ညောင်းသာယာသော သီချင်း "ကောင်းကင်လမ်းကြောင်း"ကို ယူနန်ပြည်နယ်ပြဇာတ်ရုံကြီးတွင် သီဆိုနေသည်။ တရုတ်နိုင်ငံတော်ဇာတ်ရုံမှ ထုတ်လုပ်သော၊ နိုင်ငံတော်ဇာတ်ရုံနှင့် ကျီလင်မြို့အဆို အကအဖွဲ့တို့ ပူးပေါင်းတင်ဆက်သော "ကောင်းကင်လမ်းကြောင်း" ကဇာတ်ကို ဖွင့်ပွဲအခမ်းအနား၏ ပထမဆုံးပြဇာတ်အဖြစ် ကူမင်းမြို့တွင် တင်ဆက်ပြသသည်။ ၁၂ ကြိမ်မြောက် တရုတ်နိုင်ငံအက တင်ဆက်ပြပွဲကို စတင်ကျင်းပနေခြင်းဖြစ်သည်။

တိဗက်တိုင်းရင်းသားလူငယ်၊ ရထားလမ်းကြောင်းတည်ဆောက်သူ၊ ဆင်းရဲခက်ခဲသော တည်ဆောက်ရေးပတ်ဝန်းကျင် စသည့်အကြောင်းအရာများကို ခံစားချက်သရုပ်ဖော်သီချင်းများဖြင့် တင်ဆက်ပြသသည်။ "ကောင်းကင်လမ်းကြောင်း" ကဇာတ်မှာ ချင်ဟိုင်-တိဗက်ရထားလမ်းကြောင်း တည်ဆောက်ရေးကို အဓိကဖော်ကျူးထားပါသည်။ တံခါးဖွင့်ပြုပြင်ပြောင်းလဲမှု အနှစ်(၄၀)ပြည့်အထိမ်း အမှတ်နှစ်တွင် ခေတ်သုံးခေတ်ပြည်သူတို့သည် မူလဆန္ဒသဘောကို မမေ့ဘဲ ရထားလမ်းကြောင်း တစ်စိုက်မတ်မတ် တည်ဆောက်ကြသည်ကို ဖော်ကျူးထားပါသည်။ တိဗက်လူမျိုးနှင့်ဟန်လူမျိုးအကြား ချစ်ခြင်းမေတ္တာကို ချီးကျူးသော၊ တံခါးဖွင့်ပြုပြင်ပြောင်းလဲမှုကို ဖော်ပြသော ခေတ်နှင့်လျော်ညီသည့် ကဇာတ်တစ်ခုကို ထုတ်လုပ်လိုက်ခြင်းပင်ဖြစ်သည်။

(သတင်းထောက်-Zhang Rui၊ Long Yan၊ Xia Fanghai)