SCO Youth Campus ကို ချင်းသောင်မြို့တွင် ကျင်းပ

2018-07-18 18:03:38 |သတင်းအရင်းအမြစ် 新华网

၂၀၁၈ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Youth Campus ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် ဇူလိုင်လ ၁၆ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအား ဇူလိုင်လ ၂၂ ရက်အထိ ချင်းသောင်မြို့နှင့် ပေကျင်းမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး SCO အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများမှ ကိုယ်စားလှယ် ၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

“ချင်းသောင်မြို့ထဲမှာ ဒီအစည်းအဝေးကို ကျင်းပရတဲ့အတွက် SCO မူဘောင်အောက်မှာ လူငယ်များရဲ့ လှုပ်ရှားမှုများ တက်ကြွမှုနဲ့ စွမ်းအားသစ်များဆောင်ကြဉ်းပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဖွင့်ပွဲအခမ်းအနား၌ All-China Youth Federation ဒုတိယ အထွေထွေအတွင်းရေးမှူး Dong Xia က ပြောကြားခဲ့သည်။

ယခု အစည်းအဝေးသည် တတိယအကြိမ်မြောက် SCO Youth Campus ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ရုရှားနိုင်ငံ Ufa မြို့တွင် ကျင်းပသည့် SCO ထိပ်သီးအစည်းအဝေးအတွင်း ၂၀၁၆ ခုနှစ်ကစ၍ အစည်းအဝေးအား ငါးနှစ်လျှင်တစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တရုတ်နိုင်ငံက သဘောတူခဲ့ကြောင်း သိရသည်။

ချင်းသောင်မြို့တွင် ရှိနေစဉ် Campus တက်ရောက်သူများက Haier Group, TGOOD လျှပ်စစ်မော်တော်ယာဉ်များ အားသွင်းကုမ္ပဏီနှင့် ချင်းသောင် ဆိပ်ကမ်းသို့ သွားရောက်လေ့လာကြမည် ဖြစ်သည်။ (Xinhua)