စာဖတ်ခြင်းသည် ကလေးတို့၏ကျောင်းပိတ်ရက်အစီအစဉ်များကို ကြွယ်ဝအဓိပ္ပာယ်ရှိစေသည်

2018-07-20 18:13:24 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းသည် တရုတ်နိုင်ငံ၏ ကျောင်းပိတ်ရက်ကာလဖြစ်ရာ မူလတန်း၊ အလယ်တန်း၊ အထက် တန်းနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားများသည် ကျောင်းပိတ်ရက်(၂)လကြာခန့်ကို မိမိဆန္ဒ အလိုက် အချိန်ကို စီစဉ်ထားကြသည်။ ဟော်ဖေမြို့၏ ကလေးများအတွက် စာကြည့်တိုက်၊ စာဖတ် ခန်းများသည် အကောင်းဆုံးအချိန်ကုန်လွန်စေသောနေရာအဖြစ် ရွေးချယ်ထားပါသည်။ ယခုနှစ် ပိုင်းတွင် အမ်းဟွေးပြည်နယ်ဟော်ဖေမြို့အား “စာဖတ်မြို့ပြ”ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေပြီး စာအုပ်ဆိုင်နှင့် စာဖတ်ခန်းအမျိုးမျိုးကို တည်ဆောက်ခဲ့သည်။ ၎င်းစာအုပ်ဆိုင်နှင့် စာဖတ်ခန်းများအနက် များသောအားဖြင့် ကလေးများအတွက် သီးသန့်စာဖတ်ခန်းကို တည်ထောင်ဖွင့်လှစ်ပေးထားပြီး ကလေးတို့အတွက် သက်တောင့်သက်သာရှိစေသည့် စာဖတ်ခန်းများဖြစ်သည်။

ဇူလိုင်လ(၁၈)ရက်နေ့က ဟော်ဖေမြို့ ချင်းရှုစာအုပ်ဆိုင်ကြီး၌ ကလေးတစ်ယောက်သည် အဖိုး၏ ကူညီမှုဖြင့် စာဖတ်နေစဉ်။

ဇူလိုင်လ(၁၈)ရက်နေ့က ဟော်ဖေမြို့ ချင်းရှုစာအုပ်ဆိုင်ကြီးတွင် ကလေးတစ်ယောက်က စာဖတ်နေစဉ်။

ဇူလိုင်လ(၁၇)ရက်နေ့က ဟော်ဖေမြို့ ရောင်ဟိုင်စာအုပ်ဆိုင်ကြီးတွင် ကလေးများ စာဖတ်နေစဉ်။

ဇူလိုင်လ(၁၈)ရက်နေ့က ဟော်ဖေမြို့ ချင်းရှုစာအုပ်ဆိုင်ကြီးတွင် ကလေးများ စာဖတ်နေစဉ်။

ဇူလိုင်လ(၁၇)ရက်နေ့က ဟော်ဖေမြို့ ရောင်ဟိုင်စာအုပ်ဆိုင်ကြီးတွင် ကလေးများသည် သီးသန့် စာဖတ် ခန်းတွင် စာဖတ်နေကြသည်။ ကလေးများသည် မိမိစိတ်ဝင်စားသည့်စာအုပ်ကို ဖတ်ပြီး အသံသွင်းကာ အွန်လိုင်းပေါ်သို့တင်ပြီး သူငယ်ချင်းထံ မျှဝေနိုင်သည်။
 

ဇူလိုင်လ(၁၇)ရက်နေ့က ဟော်ဖေမြို့ ရောင်ဟိုင်စာအုပ်ဆိုင်ကြီးတွင်  မိန်းကလေးတစ်ယောက် စာဖတ် နေစဉ်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန် Yunnan Gateway.