ယူနန်လီကျန်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စုဝေးဇုန် တည်ထောင်

2018-07-24 19:15:39 |သတင်းအရင်းအမြစ် 新华网

ယူနန်လီကျန်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စုဝေးဇုန်ဖြစ်သော "နကျဲ"ကို တည်ထောင်လျက်ရှိသည်။ နှင်းတောင်မြို့နယ်ကလေးတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူ ပညာရှင်ဆရာကြီး တစ်ရာကျော်အား စုဝေးနိုင်ရန် စီစဉ်လျက်ရှိသည်။ ခရီသွားဧည့်သည်များသည် ၎င်းပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆက်ဆံနိုင်မည်ဖြစ်ပြီး ဆရာကြီးများ၏ လက်တွေ့ထုတ်လုပ်သော လက်ရာများကိုလည်း မျက်မြင်တွေ့ရှိနိုင်မည် ဖြစ်သည့်အပြင် ၎င်းဆရာကြီးများနှင့်အတူ လက်တွေ့ပြုလုပ်နိုင်ကြမည် ဖြစ်သည်။ ယခုအခါ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသော ပညာရှင်ဆရာကြီး (၄၀)ကျော်သည် "နကျဲ"တွင် ရောက်ရှိအခြေစိုက် နေပြီဖြစ်ကြာင်း သိရသည်။

ဇူလိုင်လ (၂၀)ရက်နေ့က မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးသော လီကျန်နှင်းတောင်မြို့နယ်ကလေးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စုဝေး ဇုန်ဖြစ်သော "နကျဲ" မြင်ကွင်း။

ဇူလိုင်လ (၂၀)ရက်နေ့က မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးသော လီကျန်နှင်းတောင်မြို့နယ်ကလေးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စုဝေး ဇုန်ဖြစ်သော "နကျဲ"မြင်ကွင်း။

လီကျန်နှင်းတောင်မြို့နယ်ကလေးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စုဝေး ဇုန်ဖြစ်သော "နကျဲ"တွင် ရောက်ရှိအခြေစိုက်နေပြီဖြစ်သော လက်မှုပညာရှင်ဆရာသည် ကျဲချွမ်ပန်းပု ထွင်းလုပ်နေစဉ်။

လီကျန်နှင်းတောင်မြို့နယ်ကလေးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စုဝေး ဇုန်ဖြစ်သော "နကျဲ"တွင် ရောက်ရှိအခြေစိုက်နေပြီဖြစ်သော လက်မှုပညာရှင်ဆရာမသည် "ထျန်ခ"ဟူသော ယူနန်ပန်းထိုးပစ္စည်း ထိုးနေစဉ်။

(ဆင်ဟွာသတင်းထောက်-Jin Liwang)