၂၀၁၈ ခုနှစ် ရှီလင်မီးရှူးတိုင်ပွဲတော်ကို ပျော်ပါးစွာ ဆင်နွှဲ

2018-08-06 18:51:22 |သတင်းအရင်းအမြစ် 云桥网

တရုတ်ရှီလင်အပြည်ပြည်ဆိုင်ရာမီးရှူးတိုင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ(၅)ရက်နေ့က ရှီလင် ယီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ကျင်းပသည်။ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည် တစ်သိန်းကျော်နှင့် ဒေသခံပြည်သူလူထုတို့သည် ရှီလင်တွင်ကျင်းပသည့် ရိုးရာပွဲတော်တွင် ပျော်ပါးစွာ ပါဝင်ဆင်နွှဲကြသည်။ ပွဲတော်နှင့်အတူ လုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းနှင့်မိတ်ဆက်ပွဲကိုလည်း ပူးတွဲကျင်းပရာ စီမံကိန်း(၁၉)ခုကို လက်မှတ်ရေးထိုးနိုင်ကာ စာချုပ်အရ စုစုပေါင်းရင်းနှီးငွေမှာ တရုတ်ယွမ် (၁၃.၁၇၂)ဘီလီယံ ရရှိကြောင်း သိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် မီးစတင်ထွန်းညှိခြင်းအခမ်းအနားကို ကျင်းပပြီး ၂၀၁၈ ခုနှစ် ရှီလင်မီးရှူးတိုင်ပွဲတော်၏ ၁၇.၁၉ မီတာမြင့်သော ဧရာမမီးရှူးတိုင်ကို မီးထွန်းညှိကြသည်။ မီးထွန်းညှိခြင်းအခမ်းအနားအပြီး ရှီလင်ခရိုင်ရှိ ကျေးရွာနှင့်ရပ်ကွက်မှ အနုပညာတင်ဆက်အဖွဲ့ဝင် (၂၀၀)ကျော်၏ အကွက်စေ့စေ့စီစဉ်ထားသည့် အဆိုအကတင်ဆက်မှုကို တင်ဆက်ပြသပြီး ယီလူမျိုး၏ ဓလေ့ထုံးစံနှင့် ချမ်းသာကြွယ်ဝသောဘ၀အတွက် ကောင်းမွန်ပြည့်ဝရန် ဆုမွန်ကောင်းများ တောင်းဆိုကြသည်။

ရှီလင်မီးရှူးတိုင်ပွဲတော်သည် "အရှေ့တိုင်းဗရင်ဂျီဝါမ၀င်မီပျော်ပွဲရွှင်ပွဲ"ဟု ချီးမွမ်းပြီး နိုင်ငံတကာ ပွဲတော်နေ့အသင်းမှ ရွေးချယ်သော တရုတ်ဖွံ့ဖြိုးမှုအလားအလာအရှိဆုံး ပွဲတော်(၁၀)ထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ ဤကြီးကျယ်ခမ်းနားသောပွဲတော်နေ့တွင် နေရာအနှံ့မှ ရောက်ရှိလာကြသောဧည့်သည်များသည် ဤနေရာတွင် ဆုံစည်းကာ မီးရှူးတိုင်ထွန်းညှိလိုက်သည်နှင့် ပျော်ပါးစွာ ဆင်နွှဲကြတော့သည်။

မီးရှူးတိုင်ပွဲတော်ကျင်းပစဉ်အတွင်း ရှီလင်ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် နွားတိုက်ပွဲ၊ ငါးဖမ်းပွဲ စသည့်အစီအစဉ်(၂၀)ကျော်ကိုလည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းထောက်-Xiong Ming၊ ဓာတ်ပုံ-Chen Fei)