ယူနန်တိုင်းရင်းသားဝတ်စုံယဉ်ကျေးမှုပွဲတော်ဆုချီးမြှင့်ပွဲနှင့် အနုပညာပဒေသာကပွဲ ချူရှုံတွင် ကျင်းပ

2018-08-07 18:38:36 |သတင်းအရင်းအမြစ် 新华网

တရုတ်ချူရှုံ ၂၀၁၈ ခုနှစ် ယီလူမျိုးမီးရှူးတိုင်ပွဲတော်နှင့် ရောင်စုံယူနန်တိုင်းရင်းသားဝတ်စုံ ယဉ်ကျေးမှုပွဲတော် ဆုချီးမြှင့်ပွဲနှင့် အနုပညာပဒေသာကပွဲကို ယူနန်ပြည်နယ် ချူရှုံယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် သြဂုတ်လ(၄)ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါပွဲတော်တွင် ဒေသမှအနုပညာရှင်တို့၏ စိတ်အားထက်သန်မှုများ ပြည့်လျှမ်းလျက်ရှိသော တိုင်းရင်းသားအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့အပြင် ယူနန်တစ်ပြည်နယ်လုံးမှ ပြည်နယ်ခွဲနှင့်မြို့ကိုယ်စားလှယ်အဖွဲ့အသီးသီး၏ ဆုချီးမြှင့်ခြင်းခံရသည့် တိုင်းရင်းသားဝတ်စုံများကို ပြသကြောင်း သိရသည်။

(ဆင်ဟွာသတင်းထောက်--Yang Zongyou၊ Xie Ziyi)