၂၀၁၈ ခုနှစ် ယူနန်ဆန်းသစ်တီထွင်ယဉ်ကျေးမှုလုပ်ငန်းပြပွဲပိတ်ပွဲအခမ်းအနားကျင်းပ

2018-08-14 17:00:48 |သတင်းအရင်းအမြစ် 云桥网

သြဂုတ်လ(၁၃)ရက်နေ့မနက်ပိုင်းတွင် ၂၀၁၈ ခုနှစ်ယူနန် ဆန်းသစ်တီထွင်ယဉ်ကျေးမှုလုပ်ငန်း ပြပွဲသည် ကူမင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် (၅)ရက်ကြာကျင်းပခဲ့ကာ ယူနန် ပြည်နယ်၏ယဉ်ကျေးမှုလုပ်ငန်း တက်ကြွစွာ ဖွံ့ဖြိုးနေကြောင်းနှင့် အကျိုးရလဒ်များကို ဖော်ပြနိုင် ခဲ့သည်။

အဆိုပါပြပွဲသို့လှည့်လည်ကြည့်ရှုသူဦးရေသည် (၂.၇၂)သိန်းရှိကြောင်း၊ ပြတိုက်(၇) ခုဖြင့်ပြသ ပေးကြောင်း၊ ထိုင်း၊ ရုရှားနှင့်ဖိလစ်ပိုင်စသည့်နိုင်ငံမှ ကုန်သည်များလည်း ပါဝင် တက်ရောက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများစွာကို စာချုပ်ချုပ်ဆိုပြီး ရင်းနှီးမြုပ်နှံငွေသည် တရုတ်ယွမ်ငွေ (၁၂.၇၇၈) ဘီလီယံအထိ ရောက်ရှိကြောင်း စသဖြင့်သတင်းအရသိရပါသည်။

ပြပွဲတွင် အတော်ပင်တန်ဖိုးရှိသည့်အချက်မှာ ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာ ပေါင်းစပ်ခြင်းဖြစ်သည်။ နံပါတ်(၅)ပြတိုက်တွင် ယူနန်ပြည်နယ်၏ပြည်နယ်ခွဲနှင့်မြို့ပြအသီးသီးမှ ယဉ်ကျေးမှု အထူး ထုတ်ကုန်ပြသခဲ့သည်။ နံပါတ်(၆)ပြတိုက်တွင် ကူမင်းယဉ်ကျေးမှုနှင့်သိပ္ပံနည်းပညာပြတိုက်ဖြစ်ပြီး ယဉ်ကျေးမှုတီထွင်ဖန်တီးခြင်းနှင့် သိပ္ပံနည်းပညာကို အလေးထားကာ အထူးပြသသည့်ကုန်ပစ္စည်း များသည် VR နည်းပညာ၊ လူသားနှင့် စက်ရုပ် အပြန်အလှန်ဖလှယ်ခြင်း၊ စက်ရုပ်ပညာစသည်တို့ ဖြစ်သည်။