တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပါတီသမိုင်းနှင့်အချက်အလက်သုတေသနဌာနနှင့် တရုတ် နိုင်ငံတော်ကောင်စီလက်အောက်ရှိ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရုံးမှ စုစည်းရေးသားသည့်《ရှီကျင့်ဖျင်၏ ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်ခြင်း ဆွေးနွေးမှုကောက်နုတ်ချက်များ》 စာအုပ်အား ယခုရက်ပိုင်းတွင် ထုတ်ဝေပြီး တရုတ်တစ်ပြည်လုံးတွင် ဖြန့ချိလျက်ရှိသည်။
အဆိုပါစာအုပ်တွင် အဓိကအကြောင်းအရာ(၈)ခုပါဝင်ပြီး ၎င်းတို့မှာ ဆင်းရဲနွမ်းပါးမှုမှကင်းလွတ်ပြီး အတူတကွ ချမ်းသာလာခြင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်ခြင်းကို စွဲမြဲစွာထိန်းသိမ်းခြင်း၊ မှန်ကန်တိကျသည့်နည်းပညာကျင့်သုံးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုမှကင်းလွတ်ရန် တွင်တွင်ကျယ်ကျယ် တိုးမြှင့်ခြင်း၊ ငွေကြေးထောက်ပံ့မှုကို တိုးများရန်ဆောင်ရွက်ခြင်း၊ နယ်ပယ် အသီးသီး၏အင်အားကို စုစည်းခြင်း၊ တင်းကျပ်သည့်တောင်းဆိုချက်ဖြင့် အလုပ်သေချာ အောင်မြင်မှုရှိစေခြင်း၊ ပြည်သူပြည်သား များအား အဓိကနေရာတွင်ထားပြီး မိမိ၏အင်အားကို နှိုးဆော်လာခြင်း၊ လက်တွဲပြီးအတူတကွ ဆင်းရဲ နွမ်းပါးမှုကို ပပျောက်ကာ ကံကြမ္မာတူအသိုင်းအဝိုင်းကို တည်ဆောက်ခြင်းစသည်တို့ဖြစ်သည်။
အဆိုပါစာအုပ်တွင် သမ္မတရှီကျင့်ဖျင်၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇူလိုင် လအတွင်း ပြောကြားခဲ့သည့်မိန့်ခွန်း၊ အစီရင်ခံတင်ပြခြင်း၊ ဟောပြောခြင်း၊ လမ်းညွန်မှု စသည့် အရေးကြီးဆောင်းပါးနှင့်အချက်အလက်(၆၀)ကျော်မှ ကောက်နုတ်ထားသော အတွေးအခေါ်စုစုပေါင်း (၂၄၂)ပိုဒ်ပါရှိသည်။ ၎င်းအနက် များသောအားဖြင့်မှာ ပထမအကြိမ်အတိအလင်း ထုတ်ဖော်လာသည် များဖြစ်ကြောင်း သိရပါသည်။
သတင်းအရင်းအမြစ်၊ ပြည်သူ့နေ့စဉ်သတင်းစာ။
ဘာသာပြန်၊ Yunnan Gateway.