တတိယအကြိမ်မြောက် တရုတ်ဟင်းချက်နည်းမွမ်းမံသင်တန်းဖွင့်လှစ်

2018-08-20 17:33:36 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံ ကူမင်းမြို့ ယူနန်တတ္ကသိုလ်က ဝါရင့်ဟင်းချက်နည်းသင်တန်းနည်းပြဆရာက သင်ကြားပို့ချပေးသည့် တရုတ်ဟင်းချက်နည်း မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကို သြဂုတ်လ ၂၀ရက် နံနက် ၉နာရီက မြန်မာနိုင်ငံ မန္တလေးမြို့၌ပြုလုပ်ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာမန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးပိုမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်း၊Mandalay Overseas Chinese Service Center ဒါရိုက်တာ ဦးမြင့်နိုင်၊ သင်တန်းဆရာ Mr. Li Gang တို့ကကအဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး မြန်မာတရုတ် ချစ်ကြည်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်စောဦးက သင်တန်း၏စည်းကမ်းချက်များအားရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား မြန်မာလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊ Mandalay Overseas Chinese Service Centerနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးသက်မွေးပညာအကယ်ဒမီတို့ကြီးမှူးစီစဉ်ကာ တရုတ်ဟင်းချက်နည်းမွမ်းမံသင်တန်း တတိယအကြိမ်မြောက်အဖြစ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းထောက်--ဘဦး)