မန်ချူးမင်းဆက်ခေတ်အကြောင်းဇာတ်လမ်းမှ အလွန်လှပသော လက်ဝတ်လက်စားများအား ကူမင်းကျောင်းသူကျောင်းသားတစ်စုက လိုက်လံပြုလုပ်နိုင်

2018-08-31 18:14:18 |သတင်းအရင်းအမြစ် 新华网

ယခုလပိုင်းတွင် မန်ချူးမင်းခေတ်အကြောင်းတီဗွီဇာတ်လမ်းသည် တရုတ်နိုင်ငံ၌် ရေပန်းစားလျက်ရှိပြီး ဇာတ်လမ်းအတွင်း သရုပ်ဆောင်မင်းသမီးများဝတ်ဆင်သည့် ရှေးခေတ်ပုံစံအဆင်တန်ဆာများကိုလည်း လူကြိုက်များပြားလျက်ရှိသည်။ ၎င်းဝတ်စားဆင်ယင်မှုများအနက် တရုတ်ရှေးခေတ်ရိုးရာလက်မှုအနု ပညာ အဆင်တန်ဆာများမှာ အထူးချီးကျူးခံနေရကြောင်း သိရပါသည်။

အဆိုပါရိုးရာလက်မှုအနုပညာနည်းများသည် တဖြည်းဖြည်းတိမ်မြုပ်နေပြီး အလွန်ရှားပါးကာ သက်ကြီး လက်မှုပညာရှင်သာလျှင် ပြုလုပ်တတ်ပြီး ယနေ့ခေတ်လူငယ်များသည် သိသောသူ ပြုလုပ်တတ်သော သူ အတော်ပင်နည်းပါးသည်ဟု ထင်မြင်မိပါသည်။ အမှန်တကယ်ပြောလျှင် ကူမင်းသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်ထဲတွင် အဆင်တန်ဆာအနုပညာလေ့လာသော၊ ဗဟုသုတရှိသော အနုပညာသမားလူငယ် တစ်စုရှိသည်။ သူတို့သည် အဆိုပါတက္ကသိုလ်၏ ကျောင်းသူကျောင်းသားများပင်ဖြစ်သည်။

ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် မြို့ပြပညာဌာနသည် ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၎င်းဌာန၏ ထုတ်ကုန်ဒီဇိုင်းဆွဲခြင်း (အဆင်တန်တာဒီဇိုင်းဆွဲခြင်းနှင့်ပြုလုပ်ခြင်းပညာ) မေဂျာသည် ၂၀၁၅ ခုနှစ်တွင် ကျောင်းသူကျောင်းသားကို စတင်ခေါ်ယူခဲ့သည်။ အဆိုပါမေဂျာသည် ယခုခေတ် ကာလတွင် ရေပန်းစားနေသော ခေတ်မီလက်ဝတ်လက်စားများဒီဇိုင်းဆွဲခြင်းကို လက်တွေ့လေ့လာခြင်း အပြင်၊ တရုတ်ရိုးရာလက်မှုအနုပညာနည်းလမ်းများဆက်ခံခြင်းနှင့် ဖန်တီးခြင်းကိုလည်း အလွန် အလေးထားကြသည်။

“နန်းကြိုးဆွဲပညာက စိတ်ရှည်ဖို့လိုအပ်တယ်။ ပထမဦးဆုံးအနေနဲ့ ရွှေနဲ့ငွေကို အရမ်းကျဉ်းပြီးသေး အောင် ဆွဲရတယ်။ တခါတလေလိုအပ်ရင် ဆံပင်လောက်ကို ဖြစ်နေရမယ်။ ပြီးရင်တော့ အခြားလုပ်ငန်း အစီအစဉ် ဆက်လုပ်ရပါမယ်။ သင်ကြားတာမကြာသေးတဲ့ ကျောင်းသူကျောင်းသားဆိုရင် (၃)လ လောက်ကြာမှ လက်ဝတ်လက်စားတစ်ခုပဲ ပြီးစီးနိုင်မယ်လေ”ဟု အဆိုပါကျောင်းသူက သတင်းထောက် အား ပြောသည်။

ပထမဦးဆုံးအနေနှင့် ကျောင်းသူကျောင်းသားများသည် ဒီဇိုင်းပုံဆွဲခြင်းကို သင်ကြားရသည်။ ပြီးနောက် အဆင်တန်ဆာလုပ်ရာတွင် လိုအပ်သောအချက်အလက်များ၊ ကိရိယာများကို ဆွေးနွေးဆုံးဖြတ်ရသည်။ ထို့ပြင် အဆင်တန်ဆာ၏ နာမည်၊ စတိုင်းလ်၊ ဖော်ပြရမည့်အဓိပ္ပါယ်လည်း ကျောင်းသးကျောင်းသားများ က စဉ်းစားရမည်ဖြစ်သည်။ “ကျောင်းသူကျောင်းသားတွေကို ကျွန်တော်အကြိမ်ကြိမ်အဖန်ဖန် မှာကြား တယ်။ တရုတ်ရိုးရာယဉ်ကျေးမှုပညာကို ကောင်းကောင်းသင်ရမယ်။ အဲဒါက မိမိရဲ့လက်ရာကို ပိုမို သက်ဝင်စေနိုင်တယ်”ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် မြို့ပြပညာဌာန၏ဆရာဖြစ်သူ ယှက်ကျွင့်ကျယ်သည် ကြွေရည် သုတ်လက်မှုအနုပညာ၏ ဆက်ခံခြင်းနှင့်ဖန်တီးမှုကို အစဉ်အမြဲကြိုးပမ်းလုပ်ဆောင်နေသည်။“ကြွေရည် သုတ် လက်မှုအနုပညာနဲ့ဆိုင်တဲ့ အချက်အလက်တွေက ရှာလို့ခက်တယ်။ ဒါကြောင့် အချိန်များစွာပေး ပြီး ကိုယ်တိုင်လုပ်ကြည့်ရတယ်။ အရှုံးပေါင်းများစွာနဲ့လည်းကြုံခဲ့တယ်”ဟု သူက ပြောကြားခဲ့သည်။ ယခုအချိန်တွင် သူသည် ကြွေရည်သုတ်လက်မှုအနုပညာအား တဖြည်းဖြည်းပိုင်နိုင်လာပြီး ရိုးရာအဆင် တန်ဆာအပြင်၊ မိမိ၏တီထွင်မှုကိုလည်း လုပ်ဆောင်နေပြီး လက်ပတ်နာရီ မျက်နှာပြင်ဒိုင်ခွက်အတွင်း ကြွေရည်သုတ်လက်မှုအနုပညာကို ထည့်သွင်းပြုလုပ်နေလျက်ရှိပါသည်။

ပုံမှာ ကျောင်းသူကျောင်းသားများ ဒီဇိုင်းဆွဲပြီး ကိုယ်တိုင်ပြုလုပ်ထားသော ဆံထိုးနှင့် အမွှေး အိတ်ဖြစ်သည်။

ပုံမှာ ကျောင်းသူကျောင်းသားများ ဒီဇိုင်းဆွဲပြီး ကိုယ်တိုင်ပြုလုပ်ထားသော တရုတ်ရှေးခေတ် ဆံထိုးဖြစ်သည်။

ပုံမှာ ကျောင်းသူတစ်ယောက်သည် ရွှေ၊ ငွေနန်းကြိုးဆွဲပညာဖြင့် အဆင်တန်ဆာလုပ်နေခြင်း ဖြစ်သည်။

ပုံမှာ ယှက်ကျွင့်ကျယ် ဒီဇိုင်းဆွဲပြီး ပြုလုပ်ထားသောလက်ပတ်နာရီမျက်နှာပြင်ဒိုင်ခွက်ဖြစ်သည်။

ပုံမှာ ကျောင်းသူကျောင်းသားများ လက်ဝတ်လက်စားလုပ်နေစဉ်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းကွန်ရက်။
ဘာသာပြန်၊ Yunnan Gateway.