ယူနန်တာ့လီ ယန်ဗိ သစ်ကျားသီးပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ  

2018-09-03 18:18:23 |သတင်းအရင်းအမြစ် 云桥网

ရွှေဆောင်းကူးရာသီတွင် သစ်ကျားသီးထွက်သည့်ရာသီ ရောက်ရှိလာပြန်သည်။ ၂၀၁၈ ခုနှစ် ယူနန်တာ့လီ ယန်ဗိသစ်ကျားသီးပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ယန်ဗီခရိုင်တွင်ကျင်းပရာ ပြည်သူလူထုတို့က ခမ်းနားလှပသော ပွဲတက်ဝတ်စုံဝတ်ကြကာ အတူဆင်နွှဲကြောင်း သိရသည်။

ယန်ဗိခရိုင်သည် ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲ၏ အလယ်ပိုင်းတွင်တည်ရှိပြီး ချန်စန်တောင်၏ အနောက်ပိုင်းတွင် တည်ရှိသည်။ သာယာသောရာသီဥတု၊ စိုစွတ်သောမြေဆီလွှာနှင့် နေရောင်ခြည် အပြည့်အ၀ရနိုင်ခြင်း စသည်တို့ကြောင့် သစ်ကျားသီး ရှင်သန်ကြီးထွားရန် သဘာဝပေးစွမ်းသော ပတ်ဝန်းကျင် ရှိပါသည်။ ယန်ဗိသစ်ကျားသီးသည် အလုံးကြီးပြီး အခွံပါးပါးလေးဖြစ်သည်။ သစ်သီးဆန်သည် အရသာ လွန်စွာကောင်းမွန်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံပြည်တွင်းပြည်ပတွင် နာမည်ကျော်ကြားလှပါသည်။ “တရုတ်သစ်ကျားသီးဇာတိ”ဟု တရုတ်နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးတိုးတက်မှုသုတေသနစင်တာမှ အမည်ပေး ဂုဏ်ပြုချီးကျူးပေးခဲ့သည်။ “တရုတ်သစ်ကျားသီးလုပ်ငန်း အင်အားတောင့်တင်းသောခရိုင်”၊ “တရုတ်နာမည်ကျော်ကြားသော၊ အထူးထွက်ကုန် သစ်ကျားသီးဇာတိ”၊ “တရုတ်သစ်တောနှင့် အဆီ အထူးထွက်ဇုန် စံပြခရိုင်” စသည့်ဂုဏ်ပုဒ်များဖြင့်လည်း ချီးမြှင့်ခြင်းကို ခံရပါသည်။ ပထ၀ီအားသာချက်ရှိသော “ယန်ဗီသစ်ကျားသီး” အား ကုန်အမှတ်တံဆိပ်အဖြစ် အောင်မြင်စွာ မှတ်ပုံတင်ခဲ့ပါသည်။

ယခုလက်ရှိအချိန်တွင် ယန်ဗိသစ်ကျားသီးစိုက်ပျိုးရေးဧရိယာ အကျယ်အ၀န်းမှာ မူပေါင်း(၁၀.၇)သိန်းရှိပြီး သီးထွက်ပမာဏမှာ တန်ငါးသောင်းရှိပါသည်။ အထွက်နှုန်းတန်ဖိုးမှာ ယွမ်တစ်ဘီလီယံလောက် ရရှိပါသည်။ ပြည်သူလူထု(၇၀%)တို့သည် သစ်ကျားသီးလုပ်ငန်း၏ ထောက်ကူမှုဖြင့် ဆင်ရဲနွမ်းပါးမှုမှ လွတ်မြောက်ခဲ့ကြသည်။ သစ်ကျားသီးလုပ်ငန်းသည် ယန်ဗိတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေလျက်ရှိသော တွန်းအားအရှိဆုံး ပြည်သူလူထုအတွက် အကျိုးကျေးဇူးပြုစေနိုင်သော အကြီးစား မြစိမ်းရောင်ကျန်းမာရေးလုပ်ငန်းဖြစ်လာသည်။

သတင်းထောက်--Liu Rong