ကူမင်းမူလတန်းကျောင်းသည် ရိုးရာဓလေ့ထုံးစံနှင့် သိပ္ပံနည်းပညာတီထွင်ဆန်းသစ်မှုတို့ဖြင့်ပေါင်းစပ်သင်ကြား

2018-09-04 18:13:24 |သတင်းအရင်းအမြစ် 云桥网

စက်တင်ဘာလ(၃)ရက်နေ့သည် ကူမင်းမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတို့ ကျောင်းဖွင့်လှစ်သည့်နေ့ဖြစ်သည်။ ကျောင်းသူကျောင်းသားတို့သည် ပျော်ရွှင်သောကျောင်းပိတ်ရက်ကိုအဆုံးသတ်ကာ ကျောင်းပြန်လည်တက်ရောက်လာကြသည်။


သက်တမ်းနှစ်တစ်ရာကျော်ရှိသော သမိုင်းဝင် ကူမင်းဝူချန်မူလတန်းကျောင်းသည် “ဟင်္သာပြဒါးကို သုတ်ခြင်းဖြင့် ဉာဏ်ဖွင့်၊ ဆရာရိုသေပြီး ကြိုးစားစာသင်”ဟူသော ရိုးရာဆရာကန်တော့ပွဲနှင့် “သိပ္ပံနည်းပညာအသိဖြင့် ကျောင်းသူကျောင်းသားတို့ အနာဂတ်ကို အတူဖန်တီး”ဟူသော အဓိကဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုများဖြင့် ကျောင်းသူကျောင်းသားများအတွက် ကျောင်းဖွင့်ပွဲအခမ်းအနားကို အသေးစိတ်စီစဉ် ကျင်းပပေးခဲ့သည်။

“ဟင်္သာပြဒါးကို သုတ်ခြင်းဖြင့် ဉာဏ်ဖွင့်၊ ဆရာရိုသေပြီး ကြိုးစားစာသင်”ဟူသော ရိုးရာဆရာကန်တော့ပွဲတွင် ကျောင်းစတက်သည့် ကျောင်းသူကျောင်းသားတို့ ကာနေးရှင်းပန်းကို ကိုင်ထားပြီး တရုတ်ရိုးရာဓလေ့ထုံးစံအတိုင်း ဆရာနှင့်ဆရာမများအား ကန်တော့ကြသည်။ တရုတ်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားသော အတန်းပိုင်ဆရာသည် ကျောင်းသူကျောင်းသားများအတွက် ဟင်္သာပြဒါးကို သုတ်ကြသည်။ ကျောင်းအုပ်ကြီးကမူ ကျောင်းစတက်သည့်ကျောင်းသားတိုင်းအား ခဲတံတစ်ချောင်းစီ ပေးအပ်ပါသေးသည်။ ဆရာနှင့်ဆရာမတို့၏ လမ်းညွှန်မှုခံယူပြီးနောက် ကျောင်းသူကျောင်းသားတို့သည် တရုတ်စာလုံး“人”(လူ)ကို သင်ယူရေးသားကြသည်။ ရိုးရာယဉ်ကျေးမှုနှင့်ပြည့်နှက်နေသော ကျောင်းဖွင့်အခမ်းအနားတွင် ကျောင်းသူကျောင်သားများအား တရုတ်အမျိုးသားတို့၏ရိုးရာယဉ်ကျေးမှုကို ဆက်ခံစေရန် တွန်းအားပေးတိုက်တွန်းပါသည်။

ကျောင်းဖွင့်ပွဲအခမ်းအနားတွင်စမတ်စက်ရုပ်၊ အာကာသဒုံးပျံ၊ ရေယာဉ်ပုံစံတင်ဆက်မှုစသည်တို့ဖြင့်လည်း တင်ဆက်ပြသသည်။ “သိပ္ပံနည်းပညာအသိဖြင့် ကျောင်းသူကျောင်းသားတို့ အနာဂတ်ကို အတူဖန်တီး”ဟူသော အဓိကဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုသည် ကျောင်းသားတို့အား သိပ္ပံနည်းပညာတီထွင်ဆန်းသစ်မှု၏ ဆွဲဆောင်မှုကို လက်တွေ့ခံစားစေပါသည်။ (သတင်းထောက်--Yang Zheng)