တီချင့်ယဉ်ကျေးမှု ဆက်ခံသူ လောစန်ဂျာရှီ၏ သတ္တုလက်မှုပစ္စည်းများ အခွင့်ကောင်းသောယခုခေတ်တွင် ဈေးကွက်ဝင်လျက်ရှိ

2018-09-07 18:26:48 |သတင်းအရင်းအမြစ် 云桥网

ဗီရိုတွင် သံတူကလေး(၃)ချောင်းကို ခင်းကျင်းပြသထားပါသည်။ နှစ်ပေါင်း(၆၀၀)ကျော် မျိုးရိုးစဉ်ဆက်(၁၃)ဆက်မှ ဆက်ခံလာသည့်အတွက်ကြောင့် သံတူ၏အရိုးသည် ထင်ရှားစွာ ချိုင့်ဝင်နေပါသည်။ “အဆက်ဆက် ဆက်ခံသူတို့ရဲ့ သံတူအရိုးကို လက်နဲ့ဆုပ်ကိုင် ကျန်ရစ်တဲ့ အမှတ်အသားပါပဲ။ ဒီရိုးရာအတတ်ပညာကို အဆက်ဆက် ဆက်ခံလာခဲ့တဲ့ သက်သေပါ။” အသက်(၅၅)နှစ် ရှိပြီဖြစ်သည့် လောစန်ဂျာရှီသည် ဤသတ္တုကိရိယာများကို ညင်သာယုယစွာ ပွတ်သပ်ရင်းနှင့် ကျက်သရေအပေါင်းနှင့်ပြည့်စုံသည့် ဂုတ်ယူဖွယ်ရာများ သူ့မျက်စိထဲတွင် ပြည့်နှက်နေပါသည်။

တိဗက်လူမျိုးတို့၏ ရိုးရာသတ္တုထည်သွန်းလုပ်လက်မှုအတတ်ပညာဆက်ခံသူ၊ ယူနန်ပြည်နယ် ပထမအသုတ် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူနဲ့ ပြည်နယ်အဆင့် ပန်းချီအနုပညာဆရာကြီးအနေနှင့် လောစန်ဂျာရှီသည် တရုတ်တိဗက်လူမျိုးတို့ နေထိုင်သောဒေသတွင် နာမည်ကျော်ကြားသော သတ္တုထည်သွန်းလုပ်လက်မှုပညာဆရာကြီးဖြစ်သည်။ သူက ရွှေရည်တင်ရု ပ်ပွားတော်ကို သွန်းလုပ်ခဲ့သည်။ ယင်းအနက် ဗုဒ္ဓရုပ်ပွားတော်ငါးဆူကို တရုတ်နိုင်ငံ နိုင်ငံတော်အမျိုးသားပြတိုက်တွင် အမြတ်တနိုး စုဆောင်းသိမ်းဆည်းထားပါသည်။ သူသွန်းလုပ်သည့် တိဗက်လူမျိုးဓားကို နှစ်ခြိုက်သောလူများအနေဖြင့် နှစ်များစွာတွင်ပင် ၀ယ်ယူရရှိနိုင်ရန်ခက်ခဲသည်။ သူသွန်းလုပ်သည့် ငွေလက်ဝတ်လက်စားများကို အပြိုင်အဆိုင် လုယက်ဝယ်ယူကြရသည်။ လောစန်ဂျာရှီသည် ဘိုးစဉ်ဘောင်ဆက်မှဆက်ခံလာသော အံ့ဖွယ်သရဲ ထူးကဲလှသော သတ္တုထည်သွန်းလုပ်လက်မှုအတတ်ပညာကို ဝေးလံသော ရန်လာရွာမှ တယ်ချင်ကို သယ်ဆောင်လာသည်။ ထို့နောက် ပင်လယ်ရပ်ခြားသို့ သယ်ဆောင်ခဲ့သည်။ ဤလက်မှုပညာကို ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်ပေးပြီး တမူထူးခြားသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်စေပါသည်။

လောစန်ဂျာရှီအတွက် မရှိမဖြစ် လုပ်ဆောင်ရမည့်ကိစ္စမှာ တိဗက်လူမျိုးတို့၏ ထူးချွန်သော ယဉ်ကျေးမှုအနုပညာနှင့် လက်မှုအတတ်ပညာကို အဆက်ဆက် ထိန်းသိမ်းဆက်ခံခြင်းပင်ဖြစ်ပါသည်။ ဒေသအစိုးရနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနတို့ တစိုက်မတ်မတ် ထောက်ခံအားပေးမှုအောက်တွင် သူသည် တယ်ချင်ခရိုင်၏ ဗဟိုနေရာတွင် တိဗက်လူမျိုးသတ္တုထည်သွန်းလုပ်လက်မှုအတတ်ပညာထိန်းသိမ်းရေးနှင့် ဆက်ခံသင်ယူခြင်းစင်တာကို ထူထောင်ခဲ့သည်။ ဤစင်တာတွင် လောစန်ဂျာရှီ၏ ဘိုးစဉ်ဘောင်ဆက်မှ ဆက်ခံလာသော လက်မှုပစ္စည်းများကို သိမ်းဆည်းထားပြီး သံတူကလေး၊ ဖို၊ ငွေဆင်ဖြူဓနနတ်နှင့် စာအုပ်စသည်တို့ ခင်းကျင်းပြသထားပါသည်။လောစန်ဂျာရှီသည် ဤသမိုင်းဝင်သော လက်မှုပစ္စည်းများအပေါ် ဂုဏ်ယူနေပါသည်။

(ယူနန်နေ့စဉ်သတင်းစာ သတင်းထောက် -- Xiong Yan၊ Chu Donghua၊ Zhang Ruogu၊ Li Wenjun)