လီပစ်ချင်းသည် “အားချီမှုကွား” အဆိုအကဖြင့် တစ်နှစ်ပတ်လုံး၏ ဘဝချမ်းသာခြင်းကို ထပ်ဟပ်ပြသနေ

2018-09-13 18:00:36 |သတင်းအရင်းအမြစ် 云桥网

သြဂုတ်လ(၂၉)ရက်နေ့တွင် ကျွန်တော်တို့၏သတင်းထောက်အဖွဲ့သည် တီချင့်တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဝေရှီးခရိုင် ထွန်လည်ရွာသို့သွားပြီး တရုတ်နိုင်ငံတော်အဆင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူ လီပစ်ချင်းနှင့်တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သူသည် ရွာသူရွာသား များကို ဦးဆောင်ပြီး “အားချီမှုကွား”ကို လှိုက်လှိုက်လဲလဲနှင့် စိတ်အားထက်သန်စွာ သီဆိုကခုန်နေ သည်။ “တရုတ်နှစ်သစ်ကူးပွဲရှေ့နောက်အချိန်မှာ အိမ်တိုင်း ဝက်သတ်ကြတယ်။ ဒီနှစ်ရဲ့ သီးနှံအထွက် တိုးတက်အောင်မြင်မှုကို ဂုဏ်ပြုရင်း ဆွေမျိုးရင်းခြားနဲ့သူငယ်ချင်းတွေက စုဝေးပြီး‘အားချီမှုကွား’ကို ဆိုကကြတယ်။ စာသားထဲမှာ တစ်နှစ်ပတ်လုံး ၃၆၅ ရက်ထဲက အကြောင်းအရာ အကုန်ပါတယ်။ သဘာဝရဲ့ အစစအရာရာတွေကို သီချင်းစာသားထဲမှာ အားလုံးပါဝင်ပေါင်းစပ်နေတယ်လေ”ဟု လီပစ်ချင်းက ကျွန်တော်တို့အား ပြောကြားခဲ့သည်။

ထွန်လည်သည် “အားချီမှုကွား”ကို မွေးထုတ်ပေးသော သမိုင်းသက်တမ်း နှစ်ထောင်ချီရှိသောရွာ ဟောင်းတစ်ခုဖြစ်သည်။ ရွာတွင် ကြက်မသည် ကြက်ကလေးကို ဦးစီးပြီး ဤလီစူးတိုင်းရင်းသားရွာ၏ ပန်းများ၊ သစ်သားနေအိမ်များအကြား သွားလာဆော့ကစားနေသည်။ အမဲရောင်ခွေးကလေးသည်လည်း “အားချီမှုကွား” ရိုးရာယဉ်ကျေးမှုပြတိုက်ရှေ့တွင် နေပူစာလှုံနေသည်။ ကြောင်ကလေးလည်း အိမ်တွင်း ၏ မီးဖိုနားဘေးတွင် အိမ်ရှင်အတွက် အိမ်စောင့်ပေးနေသည်။ ကျွန်တော်တို့မြင်ကွင်းတွင် အလွန် တည်ငြိမ်အေးချမ်းသော နေထိုင်မှုဘဝပုံစံဖြစ်သည်။

“အားချီမှုကွား”သည် လီစူးတိုင်းရင်းသားဘာသာစကားလုံးဖြစ်ပြီး “ဆိတ်များ၏ အဆိုအက” သို့မဟုတ် “ဆိတ်များအော်သံမှသင်ယူလာသောသီချင်း”ဟူသည့်အဓိပ္ပါယ် ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် “အားချီမှုကွား”သည် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုနိုင် သော စီမံကိန်းစာရင်းသို့ ဝင်ရောက်ခဲ့ကာ ၎င်းအတွက် ရွာသူရွာသားများသည် အလွန်ဝမ်းမြောက် ဂုဏ်ယူကြသည်။ “ကျွန်တော် အသက်(၁၄)နှစ် ကစတင်ပြီး ဆိတ်ကျောင်းခဲ့တယ်။ အဲဒီအချိန် ကတည်းကလည်း ‘အားချီမှုကွား’ကို သင်ယူခဲ့တယ်။ တောင်တက်ခြင်း၊ ဆိတ်ကျောင်းခြင်း၊ ဘာမဆို သီချင်းနဲ့ ဖော်ပြနိုင်တယ်။ ဒါက အရမ်းထူးဆန်းတယ်၊ ကျွန်တော်စိတ်ဝင်စားတယ်လေ”ဟု လီပစ်ချင်းမှ ဝမ်းသာစွာ ပြောကြားခဲ့သည်။ သူသည် ဆရာ(၄)ဦးထံမှ “အားချီမှုကွား”သင်ယူခဲ့ပြီး (၁၀)နှစ်ကြာတွင် “အားချီမှုကွား” ပါဝင်သော လီစူးအဆိုအက၏ (၈၀%)ခန့်ကို ဆိုကနိုင်သည်။ ယခုအချိန်တွင် “အားချီမှုကွား”ကို ဆက်ခံစေရန် ကျောင်းသူကျောင်းသားများ ခေါ်ယူနေသည်။ ယခုအချိန်ထိ ကျောင်းသူကျောင်းသား (၄၀၀) မှ (၅၀၀) အထိရှိပြီး ၎င်းအနက် (၂၀) မှ (၃၀)ဦးသည် အကဦးစီး သူဖြစ်လာနိုင်သည်။

“အားချီမှုကွား”ကပြစဉ် ဝတ်သည့်ဝတ်စုံသည် အထူးချုပ်လုပ်ထားသည့် လီစူးတိုင်းရင်းသား အခမ်း အနားတက်ရန် ဝတ်သောအဝတ်အစားဖြစ်သည်။ သူတို့သည် ဝါဂွမ်းစိုက်ပျိုးခြင်းမှသည် အဝတ်အစား ချုပ်လုပ်ခြင်းအထိ အကုန်ကိုယ်တိုင်လုပ်ကြသည်။ ဝါဂွမ်းစိုက်ပျိုးစဉ် သူတို့သည် “အားချီမှုကွား” ဆိုက ကြပြီး အဆိုအကတွင် ဝါဂွမ်းမျိုးစေ့ကြဲခြင်းဆိုင်ရာစိတ်ဓာတ်ကို ထင်ဟပ်ဖော်ပြနေသည်။ ထို့ပြင် မိုးမှန်လေမှန် ရာသီဥတုမဖောက်ပြန်စေရန် ဆုတောင်းခြင်း၊ သဘာဝပေးကမ်းသော အဖွယ်ဖွယ် အရာရာကို ကျေးဇူးတင်ကြောင်းဖော်ပြခြင်းတို့သည်လည်း “အားချီမှုကွား”အဆိုအကတွင် ပါဝင်ပါသည်။