“ရယ်ဘာအကကတာ မင်္ဂလာကျက်သရေအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုပန်တာဖြစ်သလိုပဲ ကျွန်တော်တို့ အခု ချမ်းမြေ့သာယာမှုကို ခံစားရကြပါတယ်။”သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်း(၁၁)နာရီက တီချင့်တိဗက်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လီဆူတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ထာချန်ခရိုင် ရယ်ဘာအက ထိန်းသိမ်းရေးနှင့်ဆက်ခံမှုစင်တာတွင် အသက်(၃၈)နှစ်ရှိပြီဖြစ်သည့် ပြည်နယ်ခွဲအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူလီလိဟွာသည် ရွာသူရွာသားတို့အား ဦးဆောင်ကာ ရယ်ဘာအက တင်ဆက်ပြသနေပြီဖြစ်သည်။ သူက ချွေးများစွာကျလာပြီး ကျောက်လှေကားထစ်ရှိ သန့်ရှင်းသောနေရာတစ်ခုတွင် ထိုင်ကာ အနားယူနေပါသည်။
“ကျွန်တော်တို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူအဖို့ အခုခေတ်ဟာ အကောင်းဆုံးခေတ်ပါ။”ဟု လီလိဟွာ ပြောပြသကဲ့သို့ ဟော်ကျင်ရင်က ခေါင်းညိတ်ရင်းနှင့် သဘောတူပါသည်။ အသက်(၄၈)နှစ်ရှိပြီသည့် ဟော်ကျင်ရင်က ခရိုင်အဆင့်ဆက်ခံသူဖြစ်သည်။ သူမဖခင်သည် ချူတိန်ဖြစ်ပြီး ဒေသတွင် အမည်ကျော်ကြားသော ရယ်ဘာအကဆရာကြီးဖြစ်သည်။ သူတို့နှစ်ယောက်သည် ချူတိန်၏ ဆက်ခံသူများဖြစ်သည်။ ယခုတွင် ချူတိန်က ကွယ်လွန်သွားပြီဖြစ်သည်။ အကအနုပညာကို ဆက်ခံနိုင်ရန်အတွက် သူတို့သည် ၂၀၁၅ ခုနှစ်က ထာချန်ခရိုင်တွင် ထာချန်ရွာ ထာချန်ရိုးရာရယ်ဘာအကလုပ်ငန်းအသင်းကို ထူထောင်လိုက်ကာ ရွာသူရွာသားများအား ခေါ်ဆောင်ပြီး ရယ်ဘာအကလုပ်ငန်း အတူလုပ်ကိုင်ကြပါသည်။
၂၀၁၄ ခုနှစ်က “တီချင့်ရယ်ဘာအက”သည် တရုတ်နိုင်ငံတော်ကောင်စီမှ အတည်ပြုတင်ပြသော နိုင်ငံတော်အဆင့်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကိုယ်စားပြုသောစီမံကိန်းစာရင်းတွင် ၀င်ရောက်ရန်အတွက်ချီးမြှင့်ခံရပါသည်။ တယ်ချင်ခရိုင်ယူလင်ကျေးရွာ၊ ဝေရှီခရိုင်ထချန်မြို့နယ်၊ ရှန်ဂရီလာမြို့ဝူကျင်ရွာ၊ ရှန်ဂရီလာမြို့ ရှန်ကျင်ရွာနှင့် ရှန်ဂရီလာမြို့ ကျင်ရှာမြို့နယ်စသည့် မြို့နယ်နှင့်ကျေးရွာ(၅)ခုတွင် ပျံ့နှံ့လျက်ရှိပါသည်။
ထာချန်ရယ်ဘာအကဆက်ခံသူအနေနှင့် လီလိဟွာသည် စိတ်ထက်သန်စွာ တင်ဆက်ကပြပါသည်။ “ရယ်ဘာကတာကို ကျွန်တော် အမြဲ သင်ယူလေ့လာနေပါတယ်။”ဟု သူက စိတ်ထားနှိမ့်ချစွာ ပြောပြပါသည်။ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို စာသင်ကျောင်းတွင် သင်ပြခြင်း”လှုပ်ရှားမှုကို စတင်ကျင်းပလာသည်နှင့်အမျှ ဝေရှီခရိုင်နှင့်ရှန်ဂရီလာမြို့ရှိ မူလတန်းကျောင်းနှင့်အထက်တန်းကျောင်းများသို့ ရယ်ဘာအကကို သင်ယူပို့ချရန် လီလိဟွာအား ဖိတ်ကြားပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများအား ပို့ချသည့်အခါတွင် မိမိဘာသာ သင်ယူလေ့လာခြင်းဖြင့်သာ ရယ်ဘာအကကို ကောင်းမွန်စွာ ဆက်ခံနိုင်လိမ့်မည်ဖြစ်သည်။ “ကျွန်တော်တို့ အသင်းဟာ လက်မှုရယ်ဘာဝတ်စုံတွေကို စာသင်ကျောင်းအသီးသီးမှာ ရောင်းချလျက်ရှိနေပါတယ်။”ဟု လီလိဟွာက ပြောကြားသည်။ ရွာသူရွာသားတို့သည် ရယ်ဘာအကလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ကြသည်ဟု သိရသည်။
(ယူနန်နေ့စဉ်သတင်းစာသတင်းထောက် -- Chu Donghua၊Xiong Yan၊ Zhang Ruogu၊Li Wenjun)