OCT Group ပထမအကြိမ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးပွဲတော်တွင် ယူနန်မှာ ကျင်းပမည့်အစီအစဉ်များပြား

2018-09-21 18:10:44 |သတင်းအရင်းအမြစ် 云桥网

Overseas Chinese Town Holdings Company (OCT Group) သည် တရုတ်နိုင်ငံရှိ မြို့ပြ(၅၀)ကျော်တွင် “အတူဝမ်းသာပျော်မြူး -- ၂၀၁၈ ခုနှစ် OCT Group ပထမအကြိမ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးပွဲတော်” ကို အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါပွဲတော်တွင် ၎င်းလုပ်ငန်းအဖွဲ့၏ အဓိကဆောင်ပုဒ်ပန်းခြံ၊ တမူထူးခြားသောမြို့နယ်၊ အဓိကဆောင်ပုဒ်ဟိုတယ်၊ အနုပညာတင်ဆက်မှု၊ ခရီးသွားလာရေးအပန်းဖြေရေးဇုန် စသည့်လုပ်ငန်းများ ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း၊ ပွဲတော်ကာလတွင် အဆိုပါလုပ်ငန်းအဖွဲ့သည် ယူနန်ရှုခင်းဒေသဇုန်များစွာတွင် ဆန်းတင့်ဝေဆာလှသောလှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ပြီး ယခုကာလတွင် ချောမွေ့စွာ ပြင်ဆင်လျက်ရှိနေကြောင်း စက်တင်ဘာလက ပေကျင်းတွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရပါသည်။

အဆိုပါယဉ်ကျေးမှုပွဲတော်ကာလအတွင်း စိန်ကျိန့်၊ ချန်ဆာ၊ ချိန်ဒူ စသည့်ဒေသများတွင် နိုင်ငံတကာမျက်လှည့်ပွဲ၊ ဗရင်ဂျီဝါ၀င်ပျော်ပွဲရွှင်ပွဲနှင့် နိုင်ငံတကာလမ်းပေါ်အနုပညာပွဲတော် စသည်တို့ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ၎င်းယဉ်ကျေးမှုပွဲတော်မှတစ်ဆင့် ကျွန်တော်တို့အဖွဲ့၏ ပေါများကြွယ်ဝသော ခရီးသွားလာရေးအရင်းအမြစ်ကို စုဆောင်းပြီး နာမည်ကျော်ကြားသောခရီးသွားလာရေးပွဲတော်ကို ဖန်တီးတည်ဆောက်ရန်၊ တရုတ်ယဉ်ကျေးမှု၏ အပြည်ပြည်ဆိုင်ရာအကျိုးသက်ရောက်မှုကို မြှင့်တင်ရန်၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးလုပ်ငန်း ရောစပ်ဖွံ့ဖြိုးမှုကို တွန်းတင်ရန် ရည်ရွယ်ထားပါသည်ဟု OCT Group မှ တာဝန်ရှိသူက ပြောကြားပါသည်။

သတင်းထောက်--Han Chengyuan