ပေကျင်းရှေးဟောင်းနန်းတော်ပြတိုက်တွင် ပြသရန် အကျယ်အဝန်း(၈၀%)ထိ ရှိလာပြီး သိုလှောင် ပြခန်း(၅)ခု အသစ်တိုးလာ

2018-09-25 18:15:31 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံလမုန့်ပွဲရုံးပိတ်ရက်ကာလတွင် ပေကျင်းရှေးဟောင်းနန်းတော်(ကို့ကုန်း)ပြတိုက်သည် အစီ အစဉ်တစ်ခုပြုလုပ်ပြီး နှစ်ပေါင်းဆယ်ချီအတွင်း မွမ်းမံပြင်ဆင်ခဲ့သောနေရာ၌ ကျန်ရစ်သည့် ခေတ်မီ ခေတ်ဆန်သောအရာများကို ရှင်းလင်းလျှက်ရှိသည်။ ထို့ပြင်၊ ပြတိုက်စတင်ဖွင့်လှစ်သည့် ၁၉၉၃ ခုနှစ် ကတည်းက ယခုအချိန်ထိတိုင် အတိုင်းအတာအကြီးမားဆုံး ပြင်ပတွင် ခင်းကျင်းမည့်ပြပွဲကိုလည်း ကျင်းပမည်ဖြစ်ကာ တန်ဖိုးကြီးယဉ်ကျေးမှုပစ္စည်း(၁၀၀၀)ကျော်ကို ပြသမည်ဖြစ်ကြောင်း သိရပါသည်။

တချိန်တည်းတွင် ပြတိုက်၏ Nan Da Ku ပရိဘောဂပြခန်းလည်း ဖွင့်လှစ်ပြသမည်ဖြစ်ပြီး ကို့ကုန်း ပြတိုက်၏ ပြသမည့်အကျယ်အဝန်းသည် စုစုပေါင်းအကျယ်အဝန်း၏(၈၀%)ကို ရောက်ရှိတော့ မည်ဖြစ်သည်။ “ကျွန်တော်တို့က အရေအတွက် သန်းပေါင်း (၈)သိန်း(၆)သောင်းလောက်ရှိတဲ့ ယဉ်ကျေးမှုပစ္စည်းတွေကို ပိုမိုများပြားတဲ့ပြသခွင့် ပေးပါမယ်။ လာမယ့်နှစ်နှစ်ကုန်မှာ သိုလှောင်ခန်းလို ဖြစ်တဲ့ပြခန်းသစ်(၅)ခုကိုလည်း ဖွင့်လှစ်ပြသမယ်။ ဒါကို မှန်းဆကြည့်ရင် အနည်းဆုံး ယဉ်ကျေးမှုပစ္စည်း (၈၀%)ကို ပြည်သူပြည်သားများက မြင်တွေ့လေ့လာနိုင်မှာဖြစ်တယ်”ဟု ကို့ကုန်းပြတိုက်၏ပြတိုက်မှူး ရှန်ကြည်ရှန်းမှ ပြောကြားခဲ့သည်။

သိုလှောင်ခန်းပုံစံပြခန်း(၅)ခု အသစ်တိုးများလာ

ပရိဘောဂပြခန်းသည် မြေထည်ပြတိုက်နှင့် လက်ရေး၊ ပန်းချီကားပြတိုက်အပြင် နောက်ဆုံး ဖွင့်လှစ် သည့် အဓိကအကြောင်းအရာစီစဉ်ပြသထားသော ပြခန်းဖြစ်သည်။ ယခုအချိန်တွင်၊ တရုတ် မန်ချူးမင်းဆက် ဘုရင် ခမ်းရှီး(Kangxi)၊ ရွန်းကျင့်(Yongzheng)နှင့် ချမ်လုံ(Qianlong)ခေတ် ကာလတွင် နန်းတော်သုံးပရိဘောဂ(၄၀၂)မျိုးကို ပြသလျက်ရှိသည်။ ယခုနှစ်အတွင်း ဒုတိယအကြိမ် ပြပွဲကျင်းပချိန်တွင် မန်ချူးမင်းဆက်ခေတ်၏ ပရိဘောဂကို အဓိကပြသမည်ဟု စီစဉ်ထားကာ လာမည့် နှစ်ကျင်းပရမည့် တတိယအကြိမ်ပြပွဲတွင်မူ မင်မင်းဆက်ခေတ်၏ ပရိဘောဂကို အဓိကပြသမည်ဖြစ် သည်။ သတင်းအရ အဆိုပါပြခန်းသည် ယဉ်ကျေးမှုပစ္စည်းအမျိုး(၂၀၀၀)ကျော် ၀င်ဆံ့နိုင်ပြီး သိုလှောင် သိမ်းဆည်းထားသော ပရိဘောဂယဉ်ကျေးမှုပစ္စည်းအမျိုးပေါင်း (၆၂၀၀) ကို အလှည့်ကျ ပြသမည်ဖြစ် သည်။

ထောင်ချီသော ရှေးခေတ်နန်းတော်သုံးပစ္စည်းကို စန်းစီးပြည်နယ်တွင် ပြသမည်

အချိန်ကြာလာသည်နှင့်အမျှ ပိုများပြားသော ယဉ်ကျေးမှုပစ္စည်းများကိုလည်း ပြင်ပသို့ လှည့်လည် ပြသသွားမည်ဖြစ်သည်။ ယခုရက်ပိုင်းတွင် ယဉ်ကျေးမှုပစ္စည်းအမျိုးပေါင်း(၁၀၀၀)ကျော်ကို စန်းစီး ပြည်နယ် ထိုက်ယွမ်မြို့တွင် ပြပွဲ(၇)ကြိမ် ကျင်းပပြသမည်ဖြစ်ပြီး ၎င်းအနက် ရှေးခေတ်ဘုရင်မင်းကြီး မွေးနေ့အခမ်းအနားပြပွဲနှင့် မင်၊ မန်ချူးမင်းဆက်ခေတ်အဆောက်အအုံပြပွဲလည်း ပါဝင်ပါသည်။

ကို့ကုန်း၏ ဝူတံခါးတန်ဆောင်းတွင် သံမဏိချောင်းများကို ထုတ်ယူ

ယခုအချိန်ကာလတွင် ကို့ကုန်းပြတိုက်သည် လွန်ခဲ့သောနှစ်ပေါင်းက မွမ်းမံပြင်ဆင်ရာတွင် ကျန်ရစ်သော ခေတ်မီပစ္စည်းများကို ထုတ်ယူလျက်ရှိသည်။ ထိုက်ဟော်ရင်ပြင်ရှိ (၂၀)ရာစုတွင်  ကျန်ခဲ့သော အင်္ဂတေအုတ်ခဲများကို တရုတ်ရိုးရာကျောက်ခဲများဖြင့် လှဲနေသည်။

ဝူတံခါးမ(ကို့ကုန်း၏ မျက်နှာဘက်တံခါးမ)တန်ဆောင်းသည်လည်း ရှေးရိုးရာဆန်ဆန်ဖြင့် ပြင်ဆင် ခဲ့သည်။ “တန်ဆောင်းရဲ့ ရေစိမ်ခံမှုကို ပြင်ဆင်တဲ့အခါ ၁၉၉၀ ခုနှစ်လောက်က ပြင်ဆင်ရာမှာ ကျန်ရစ်တဲ့ ခေတ်မီအုတ်ခဲနဲ့သံမဏိချောင်းတွေကို တွေ့ခဲ့တယ်။ ဒါကြောင့် အခု ကျွန်တော်တို့ က ရိုးရာနည်းနဲ့ ပြန်လည်ပြင်ဆင်နေတယ်၊ အခုခေတ်သုံးတဲ့ အဆောက်အအုံပစ္စည်းလည်း ထုတ်ယူပြီးသွားပြီ”ဟု  ရှန်ကြည်ရှန်းမှ မိတ်ဆက်ပေးခဲ့သည်။

ထို့ပြင်၊ ကို့ကုန်းပြတိုက်သည် နေ့စဉ် ခရီးသည် (၂၀၀၀၀)ကျော် လာရောက်လည်ပတ်နေရာ ရှေးခေတ်ကျောက်ခဲလှေကားကို ထိန်းသိမ်းရန် သစ်သားလမ်းကျဉ်းကို တည်ဆောက်မည်ဟု စီစဉ်ထားကြောင်း  ရှန်ကြည်ရှန်းက မိတ်ဆက်ခြင်းအရ သိရပါသည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန(ကွန်ရက်သတင်း)မှ ကောက်နုတ်တင်ပြသည်။
ဘာသာပြန်၊ Yunnan Gateway.