ကူမင်းမြို့ တျိန်းချီရေကန်ကြီးမှာ ထူးဆန်းစိတ်ဝင်စားဖွယ်ကောင်းသော အမျိုးသားယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ မျှဝေခံစားခြင်းအခမ်းအနား ကျင်းပ

2018-09-29 18:27:22 |သတင်းအရင်းအမြစ် 新华网

ရေကန်ဖွင့်ပြီး တံငါငါးဖမ်းခြင်းစတင်ခြင်းအခမ်းအနား၊ နဂါးဖိတ်ခေါ်ခြင်း၊ ငါးဖမ်းလှေများစောင့်ရှောက် သော နတ်ဒေဝါပူဇော်ခြင်းအခမ်းအနားစသည်တို့က ပရိသတ်များကို ဆွဲဆောင်နေသည်။

စက်တင်ဘာလ(၂၈)ရက်နေ့က ကူမင်းမြို့ ရှီးစန်းမြို့နယ်ဖူဟိုင်ရပ်ကွက်၏ ပထမဦးဆုံးအကြိမ် အမျိုးသား ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ မျှဝေခံစားခြင်းအခမ်းအနားကို တျိန်းချီရေကန်ကြီးရေကာတာပေါ်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ သတင်းအရ အဆိုပါအခမ်းအနားသည် တံငါယဉ်ကျေးမှုနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကဏ္ဍနှစ်ရပ် ခွဲထားသည်။

အခမ်းအနားတွင် ဖူဟိုင်ကျေးရွာအုပ်စု၏ ရွာသူရွာသားများသည် လွန်ခဲ့သောအနှစ်(၃၀)က တံငါများ ပင်လယ်ပြင်သို့ထွက်ခြင်းနှင့် ငါးဖမ်းလှေများ စောင့်ရှောက်သောနတ်ဒေဝါပူဇော်ခြင်းအခမ်းအနားများကို တင်ဆက်ပြသပေးခဲ့သည်။ ထို့ပြင် ကူမင်းမြို့တွင်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းသူများ အား ဖိတ်ထားပြီး စက္ကူညှပ်လူရုပ်ပညာ၊ လေတံခွန်ပြုလုပ်ခြင်း၊ ယူနန်ဒေသရိုးရာပန်းချီကားရေးဆွဲနည်း၊ ရီလျန်ခရိုင်ဝါးပြားပစ္စည်း စသည့်ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ပရိသတ်များအား တင်ပြပေးခဲ့ရာ ဖူဟိုင်ရွာသူရွာသားများ၏ ရိုးရာပန်းထိုးပညာနှင့်ရေမှုတ်ပေါ် ပန်းချီရေးဆွဲခြင်းပညာများကလည်း ပရိသတ်များကို ဆွဲဆောင်နေခဲ့သည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.

ယူနန်ဒေသရိုးရာပန်းချီကားရေးဆွဲနည်းပညာပြသနေစဉ်။

ဖူဟိုင်ရွာသူရွာသားများရိုးရာပန်းထိုးပညာပစ္စည်းများကို တွေ့နေစဉ်။

စက္ကူညှပ်လူရုပ်ပန်းချီကို တွေ့နေစဉ်။

စက္ကူညှပ်လူရုပ်ပညာကို ပြသနေစဉ်။

ရေမှုတ်ပေါ် ပန်းချီရေးဆွဲခြင်းကို ပြသနေစဉ်။

ရီလျန်ခရိုင်ဝါးပြားပစ္စည်းကို တွေ့နေစဉ်။

တံငါများအား တွေ့ရှိရစဉ်။

တံငါများ ငါးဖမ်းပိုက်ကို ပြုလုပ်နေစဉ်။

တံငါများ ငါးဖမ်းပိုက်ကို ပြုလုပ်နေစဉ်။

တံငါများ ငါးဖမ်းပိုက်ကို ပြုလုပ်နေစဉ်။