မာယွီဂူစပါးခင်းအနုပညာပွဲတော်သည် သဘာဝကပေးစွမ်းသော ထိန်ချုံ၏နေထိုင်မှုပတ်ဝန်းကျင်အားသာချက်အသစ်ကို ဖော်ပြ

2018-10-10 18:07:48 |သတင်းအရင်းအမြစ် 云南网—春城晚报



ပြည်နယ်အဆင့် တမူထူးခြားသော မြို့နယ်ဖြစ်သည့် မာယွီဂူရေပူစမ်းမြို့နယ်တွင် ကျင်းပပြီးစီးခဲ့သော မာယွီဂူစပါးခင်းအနုပညာပွဲတော်နှင့် ဒုတိယအကြိမ် ထိန်ချုံစပါးခင်းငါးပွဲတော်၏ နားဝင်ချိုသောတေးသံ၊ ယဉ်ကျေးသိမ်မွေ့သောအက၊ အနုပညာမြောက်သော ဘားဂျွမ်းတင်ဆက်မှု၊ တမူထူးခြားသော အရိပ်ပြရုပ်သေး စသည်တို့ဖြင့် ထိန်ချုံမြို့ရှိ သဘာဝကပေးစွမ်းသော ထူးခြားသည့် အားသာချက်ကို ထင်ဟပ်ပေါ်လွင်လျက် ရှိပါသည်။ YUNNAN HONGHE GUANGMING CO.,LTD. မှ တရုတ်ယွမ်(၄.၅)ဘီလီယံကို ရင်းနှီးမြှုပ်နှံပြီး ထိန်ချုံမာယွီဂူရေပူစမ်းမြို့နယ်ကို တည်ဆောက်သည့်အတွက်ကြောင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ဖြစ်မြောက်အောင်မြင်စေရန်၊ ထိန်ချုံကို ကမ္ဘာ့အဆင့်မီ ကျန်းမာရေးနေထိုင်ရာဒေသအဖြစ် ထူထောင်ရန်၊ ခရီးသွားလာရေးပြုပြင်ပြောင်းလဲမှုနှင့် ထိန်ချုံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကို အရှိန်ဟုန်ဖြင့် မြှင့်တင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ရွှေစပါးခင်းတွင် အနုပညာအနှစ်သာရများသည် ပြည်တွင်းပြည်ပမှ ခရီးသည်များအား ဆွဲဆောင်လျက်ရှိပါသည်။ အနုပညာပွဲတော်ကျင်းပစဉ်တွင် မာယွီဂူရေပူစမ်းမြို့နယ်တွင် ရွှေစပါးခင်းကို စင်မြင့်အဖြစ်၊ မြစိမ်းရောင်တောတောင်နှင့် ဖြူဖွေးသောတိမ်ကို နောက်ခံအဖြစ် သီးထွက်ကောင်းသောစပါးခင်းအထိ တောက်လျှောက်သွားကာ နံနက်ပိုင်းမှ ညပိုင်းအထိ တေးဂီတ၊ အက၊ ဘားဂျွမ်းတင်ဆက်မှု၊ အရိပ်ပြရုပ်သေးတို့ဖြင့် ဖျော်ဖြေလျက်ရှိနေသည်။

မာယွီဂူမှ လက်မှုအနုပညာရှင်တို့သည်လည်း ဒေသရှိပစ္စည်းများဖြင့် သဘာဝအကျဆုံး အနုပညာပစ္စည်းများကို ထုတ်လုပ်နေကြသည်။ ခရီးသည်တို့သည် ၀ါးတောနှင့်သဲအိမ်၊ ဒေသဓလေ့ထုံးစံ စသည်တို့တွင် နစ်မျောကာ မာယွီဂူ၏ အလှတရားကို ကိုယ်တိုင်လက်တွေ့ခံစားကြပါသည်။