တရုတ်ရိုးရာချုံယံပွဲတော်

2018-10-16 17:59:46 |သတင်းအရင်းအမြစ် 云桥网

မနက်ဖြန်သည် တရုတ်အမျိုးသားများအတွက် အရေးကြီးသောနေ့တစ်နေ့ဖြစ်ပြီး ပြည်တွင်းရော ပြည်ပမှာပါ နေထိုင်ကြသော တရုတ်အမျိုးသားများသည် ထောပနာပြုအခမ်းအနား ကျင်းပကြ လေ့ရှိသည်။ အဆိုပါနေ့သည် တရုတ်ရိုးရာပွဲတော်နေ့တစ်နေ့ဖြစ်ပြီး ချုံယံပွဲတော်ဟု အမည်ပေးထားကာ တရုတ်နှစ်သစ်ကူး အကြိုနေ့ည၊ ချင်မင်း၊ ကျုံးယွမ်ပွဲတော်များကဲ့သို့ တရုတ်နိုင်ငံ၏ စတုတ္ထမြောက် ဘိုးဘွားပူဇော်ပွဲကြီး ဖြစ်သည်။

ချုံယံပွဲတော်သည် နှစ်စဉ်နှစ်တိုင်းတရုတ်သက္ကရာဇ်၏ (၉)လ(၉)ရက်နေ့တွင် ကျင်းပခဲ့ပြီး (၉)နှစ်ထပ် ကွမ်းနေ့ ဟုလည်းခေါ်ဝေါ်သည်။ တရုတ် ရှေးခေတ်တွင် ဒဿနိကဗေဒစာအုပ်《Yi Jing》တွင် (၉)ဂဏန်းအား Yang (သက်ရှိအများဆုံး)ဂဏန်း ဟု ထင်မြင်ယူဆသည်။ ထို့ပြင် (၉)ဂဏန်းသည် (၁)မှ(၉) ဂဏန်းတွင် အကြီးဆုံးဂဏန်းဖြစ်ပြီး အသက်ရှည်သော၊ ကျန်းမာသော အဓိပ္ပါယ်ဖြစ်သည်။ ထို့ကြောင့် ချုံယံသည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ပွဲတော်တစ်ခုဖြစ်သည်ဟု ရှေးခေတ်တရုတ် လူမျိုးမှ ပြောဆိုခဲ့ကြသည်။

တရုတ်သမိုင်းစာတမ်းများအရ ချုံယံပွဲတော်သည် ရှေးယခင်ကာလကတည်းက ထောပနာပြုကျင်းပခဲ့ပြီး တရုတ်ထန်မင်းဆက်ခေတ်မှစ၍ ပြည်သူပြည်သားများ ထောပနာပြုနိုင်သောပွဲတော်အဖြစ် သတ်မှတ် ထားခဲ့ကာ ထိုအချိန်မှစ၍ ယနေ့အချိန်အထိ စဉ်ဆက်မပြတ်ကျင်းပလေ့ရှိသည့် ပွဲတော်ဖြစ်သည်။

ထိုသို့ဆိုလျှင် တရုတ်လူမျိုးသည် ချုံယံပွဲတော်ကို မည်ကဲ့သို့ ထောပနာပြုကျင်းပသနည်း။

၁၊ ဂန္ဓမာပန်းရှုစားခြင်းနှင့် ဂန္ဓမာအရက်သောက်သုံးခြင်း။
ဂန္ဓမာပန်းရှုစားခြင်းနှင့် ဂန္ဓမာအရက်သောက်သုံးခြင်းဓလေ့သည် တရုတ် တုံးကျင့်မင်းဆက်ခေတ်၏ နာမည်ကျော် ကဗျာဆရာ ထောင်ယမ်းမင်မှ စတင်ရေပန်းစားလာသည်။ ကဗျာဆရာ ထောင်ယမ်းမင် သည် အရက်သောက်ခြင်းကိုကြိုက်နှစ်သက်ပြီး ဂန္ဓမာပန်းကိုလည်း အလွန်သဘောကျသည်။ ထို့ ကြောင့် နှောင်းလူတို့သည် ထောင်ယမ်းမင်၏ ကြိုက်နှစ်သက်မှုကို အတုယူဆောင်ရွက်ကြခြင်းဖြစ်သည်။

၂၊ ကော့နယ်အပင်များ ခေါင်းဦးပေါ်စိုက်ခြင်း။

ကော့နယ်အပင်များ ခေါင်းဦးပေါ်စိုက်ခြင်းသည် တရုတ် ထန်မင်းဆက်ခေတ်မှ ရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။ ချုံယံပွဲတွင် ကော့နယ်အပင်များ ခေါင်းဦးပေါ်စိုက်ခြင်းသည် ဘေးဒုက္ခကို ရှောင်ရှားနိုင် သည်ဟု ရှေးခေတ်တရုတ်လူမျိုးများက ယူဆကြသည်။

၃၊ နေရာမြင့်သို့တက်ခြင်း။
နေရာမြင့်သို့ တက်ခြင်းသည် တရုတ် တုံးဟန့်မင်းဆက်ခေတ်မှ စတင် ရေပန်းစားခဲ့သည်။

ယခုခေတ်တွင် အဆိုပါလှုပ်ရှားမှုအပြင် သက်ကြီးရွယ်အိုလေးစားခြင်း ဟူသောအဓိပ္ပါယ်ကိုလည်း ချုံယံပွဲတွင် ဖော်ဆောင်သည်။ ၁၉၈၉ ခုနှစ် တရုတ်သက္ကရာဇ် (၉)လ(၉)ရက်နေ့ကို တရုတ်နိုင်ငံ သက်ကြီးရွယ်အိုပူဇော်ပွဲဟု သတ်မှတ်ခဲ့ကာ တစ်ပြည်လုံးက သက်ကြီးရွယ်အိုများ အရိုအသေပြုခြင်း၊ ပူဇော်ခြင်းနှင့် ကူညီပေးခြင်း စသည်တို့ကို ဆောင်ရွက်ကြသည်။

အောက်တိုဘာလ(၁၆)ရက်နေ့တွင် ချုံယံပွဲတော်ကို ကြိုဆိုရန် ကျက်ကျန်းပြည်နယ်ယီရောင်မြို့၏ ပရဟိတအဖွဲ့များသည် သက်ကြီးဂေဟာသို့သွားပြီး အဖိုးအဖွားများနှင့်အဖော်ပြုကာ စကားပြောကြ သည်။ ထို့ပြင် သူတို့သည် အသွားအလာအဆင်မပြေသော သက်ကြီးရွယ်အိုများအား ခြေဆေးပေးခြင်း နှင့် ခေါင်းဖီးပေးခြင်းကို ဆောင်ရွက်ပေးကြသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန၊ Yunnan Gateway ပေါင်းချုပ်။
ဘာသာပြန်၊ Yunnan Gateway; Online photos