ယူနန်ပြည်နယ်သတင်းမီဒီယာအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးနှင့်တွေ့ဆုံ

2018-11-15 17:11:32 |သတင်းအရင်းအမြစ် 云桥网

(၆)ကြိမ်မြောက် တရုတ်နှင့်မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ မီဒီယာသတင်းထောက် အပြန်အလှန် ဖလှယ်ရေးအဖွဲ့သည် နိုဝင်ဘာလ(၁၄)ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမြို့တော် Phnom Penh မြို့တွင် ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီး Kuieu Kanharith နှင့်တွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်သည် တရုတ်- ကမ္ဘောဒီးယားနိုင်ငံအကြား သတင်းမီဒီယာပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နှင့် မဲခေါင်မြစ်ဝှမ်း တစ်လျှောက်နိုင်ငံများအကြား မီဒီယာအပြန်အလှန်လက်တွေ့ဖလှယ်ရေးကို တွန်းအားပေးခြင်းစသဖြင့် ဆွေးနွေးကြသည်။

ယခုနှစ်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်ယူနန်ပြည်နယ်အကြား ချစ်ခင် စွာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမှာ စဉ်ဆက်မပြတ်တည်ရှိနေကြောင်း၊ အချိန်သတ်မှတ်ပြီး ကိုယ်စားလှယ်အဖွဲ့ကို ယူနန်သို့ လေ့လာရန် စေလွှတ်ကြောင်း၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံသည် သတင်းစာ၊ ရုပ်မြင်သံကြားနှင့်မဂ္ဂဇင်းနယ်ပယ်တွင် ပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အကျိုး ရလဒ်များစွာ ရရှိနေကြောင်း၊ နှစ်ဦးနှစ်ဖက်မီဒီယာသတင်းထောက်အပြန်အလှန် လက်တွေ့ဖလှယ်ရေး သည် ကမ္ဘောဒီးယားနှင့်တရုတ်အကြား ပြည်သူ့ဖလှယ်ရေး၊ အပြန်အလှန်သဘောပေါက်နားလည်းရေး အတွက် တွန်းအားပေးနိုင်ကြောင်း၊ နှစ်ဦးနှစ်ဖက်မီဒီယာများ ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း စသဖြင့် Kuieu Kanharith က ပြောကြားခဲ့သည်။

“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” အဆိုပြုချက် တွန်းဆော်ခြင်းနှင့်အညီ တရုတ်နိုင်ငံ ယူနန် ပြည်နယ်နှင့်ကမ္ဘောဒီးယားအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပိုမိုတိုးများလာလျက်ရှိနေ သည်။ ယူနန်ပြည်နယ်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း အဆောက်အအုံ အတော်များစွာ တည်ဆောက်ခဲ့သည်။ Overseas Chinese Town အုပ်စု လက်အောက်ရှိ ယူနန်ပြည်နယ် ယဉ်ကျေးမှု လုပ်ငန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်သည် Siem Reap မြို့တွင် ကမ္ဘောဒီးယားနိုင်ငံ Angkor မင်းဆက်ခေတ်အကြောင်းဖော်ပြသော အကြီးစားအဆိုအကဖျော်ဖြေပွဲ “Smile of Angkor” ဖန်တီး ပြသခဲ့ပြီး ၎င်းသည် ကမ္ဘာနေရာအသီးသီးမှ ခရီးသည်များ၏ ချီးကျူးမှုကို ခံစားခဲ့သည်။ ထို့ပြင် တရုတ်- တောင်အာရှနိုင်ငံများကုန်စည်ပြပွဲနှင့် စီးပွားကုန်သွယ်ရေးညှိနှိုင်းဖလှယ်ပွဲ ကျင်းပရာတွင် ကမ္ဘောဒီးယား နိုင်ငံမှ သတင်းထောက်သည်လည်း ယူနန်ကို လာရောက်သတင်းယူပြီး ကမ္ဘောဒီးယားခရီးသည်လည်း နှစ်စဉ်နှစ်တိုင်း ယူနန်ကို လာလည်နေပါသည်။

ထိုနေ့တွင် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများမီဒီယာသတင်းထောက် အပြန်အလှန်ဖလှယ်ရေး အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံတော်ရုပ်မြင်သံကြားဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံတော်သတင်းမီဒီယာဌာန များသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။