《လေပြန်တိုက်စဉ်မှာ》ရုပ်သံဇာတ်လမ်းသည် မိဘတို့၏ လူငယ်ကာလပိုင်းဘဝကို ဖော်ပြ

2018-11-16 16:56:05 |သတင်းအရင်းအမြစ် 新民晚报、百度整合

ဇာတ်လမ်း၏ အဓိကအကြောင်းအရာ။

ယခုရက်ပိုင်း《လေပြန်တိုက်စဉ်မှာ》ရုပ်သံဇာတ်လမ်းအား ဟိုနန်တီဗွီတွင် ပြသနေသည်။ ၎င်းသည် တရုတ်နိုင်ငံ တံခါးဖွင့်မူဝါဒကျင့်သုံးသည့်ကာလသစ်သို့ဝင်ရောက်ခြင်းအား နောက်ခံပြုကာ လူငယ်တစ်စု၏ နေထိုင်မှုကို ပြောင်းလဲစေသည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် တရုတ် နိုင်ငံသည် ဘက်ပေါင်းစုံမှ တံခါးဖွင့်မူဝါဒကို ကျင့်သုံးပြီး ဖန်းပန်းယမ်၊ ဟိုရိုလင်း စသောထူးချွန်သည့် စစ်ဗိုလ်များသည် အလုပ်ထွက်ပြီး ကုမ္ပဏီ၊ အစိုးရ စသည့်လုပ်ငန်းသစ်သို့ ဝင်ရောက်ခဲ့သည်။ ဖန်းပန်းယမ်သည် လုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားသည်။ သူသည် လျင်မြန်စွာ ပြောင်းလဲခဲ့သော အမိနိုင်ငံကိုအမှီပြုပြီး တရုတ်နိုင်ငံ၏ စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတကာကုန်သွယ်ရေး ပြုပြင်ပြောင်းလဲရေးကို အမှီလိုက်ကာ စီးပွားရေးဂလိုဘယ်လိုက်ဇင်းရှင်းရေကြောင်းလိုင်းသို့ တက်ကြွ စွာပါဝင်ခဲ့သည်။ သူသည် မိမိလုပ်ငန်းစတင်တည်ထောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်နှင့် မိသားစုမှစိန်ခေါ်မှုကို ကြုံတွေ့ရာတွင် မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းပြီး နောက်ဆုံးတွင် တရုတ်လုပ်ငန်းရှင်များကို ဦးစီးကာ ပြင်းထန်သော နိုင်ငံတကာစီးပွားရေးပြိုင်ဆိုင်မှုတွင် အောင်မြင်မှုရရှိခဲ့ကာ တချိန်တည်းတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးဆောင်ပေးနိုင်ခဲ့သည်။

ဇာတ်လမ်းအပေါ် ခံစားချက်။

တံခါးဖွင့်ပြုပြင်ပြောင်းလဲခြင်းသည် ကျွန်မတို့ယနေ့ခေတ်လူငယ်များအပေါ် မည်ကဲ့သို့သော ပြောင်းလဲမှုကို သယ်ဆောင်လာသနည်း။ တရုတ်ပြည်သူပြည်သားများအတွက်ဆိုလျှင် ပြောဖွယ်ရာ မလိုတော့ပေ။ သို့သော်၊ ကျွန်တော်တို့ မိဘများခေတ်က လူသားများအတွက်ရော မည်သို့ အပြောင်းအလဲရှိခဲ့သနည်း။ ဇာတ်လမ်းအတွင်း ဖန်းပန်းယမ်၊ ဟိုရိုလင်းတို့က ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဆုံးရှုံးမှုနှင့်အောင်မြင်မှုတို့မှတစ်ဆင့် ကျွန်မတို့က မိဘများခေတ်က လူများ၏ ကြိုးပမ်းမှုအတွေ့အကြုံအပေါ် ပိုမိုနက်ရှိုင်းစွာ သဘောပေါက်နားလည်စေနိုင်သည်။ ဖန်းပန်းယမ်၊ ဟိုရိုလင်းတို့သည် ထိုခေတ်က သာမန်ပြည်သူများသာဖြစ်ပြီး သူတို့သည် ဖိအားနှင့် အခက်အခဲများစွာကို ရင်ဆိုင်ကာ လုပ်ငန်းစတင်တည်ထောင်သည်။ မိမိတို့၏ ကြိုးစားမှုကြောင့် အောင်မြင်မှုရရှိခဲ့ကာ အံ့သြစေသည့်လက်တွေ့ဇာတ်လမ်းပုံပြင်ကို ဖော်ပြခဲ့သည်။ သူတို့သည် ထိုခေတ်လူသားများ၏ ကိုယ်စားပြုသူများဟု ပြောနိုင်သည်။

《လေပြန်တိုက်စဉ်မှာ》ရုပ်သံဇာတ်လမ်းသည် ထိုခေတ်ကာလ၏ ပြောင်းလဲမှုဖြစ်စဉ်အား စစ်မှန်စွာ ဖော်ပြနေသည်။ တံခါးဖွင့်ပြုပြင်ပြောင်းလဲမှုမကျင့်သုံးခင်တွင် တရုတ်ပြည်သူပြည်သားများသည် အပြာ ၊ အမဲနှင့် မီးခိုးရောင် အင်္ကျီသာဝတ်ပြီး တံခါးဖွင့်ပြုပြင်ပြောင်းလဲမှု ကျင့်သုံးပြီးနောက် ပြည်သူပြည်သား များ၏ ဝတ်စုံပုံစံများ၊ အရောင်များသည် ပေါကြွယ်လာခဲ့သည်။ အင်္ကျီ၏ပြောင်းလဲမှုမှတစ်ဆင့် ပရိသတ် များက ထိုခေတ်တရုတ်နိုင်ငံ၏ အဆက်မပြတ်တိုးတက်လာခြင်းအား ခံစားစေနိုင်သည်။ ထို့ပြင် ဇာတ်လမ်းတွင် သရုပ်ဆောင်သည့် လူငယ်များ၏ မိဘနှင့်ချစ်ခြင်းမေတ္တာ၊ လူငယ်သဘာဝအချစ်မေတ္တာ တို့သည်လည်း ဆွဲဆောင်မှု အတော်များစွာရှိသည်။

ယခုနှစ်သည် တရုတ်နိုင်ငံတံခါးဖွင့်မူဝါဒ ကျင့်သုံးသည့် အနှစ်(၄၀)ပြည့်နှစ်ဖြစ်သည်။ အနှစ်(၄၀) အတွင်း တရုတ်နိုင်ငံမှရရှိသော အောင်မြင်မှုကို ပြန်တွေးကြည့်လျှင် နိုင်ငံ၏ တိုးတက်ရေးဖြစ်စဉ်နှင့် သာမန်ပြည်သူပြည်သားများ၏ နေထိုင်မှုအခြေအနေ၊ ခေတ်ကာလလူသားများ၏ ကံကြမ္မာကို အကျိုး ဖြစ်စေခြင်းသည်လည်း မိဘတို့၏ဘဝခရီးမှတ်တမ်းတွင် မမေ့နိုင်သောအကြောင်းအရာဖြစ်သွားသည်။ တံခါးဖွင့်ပြုပြင်ပြောင်းလဲခြင်းသည် မိဘတို့၏ ဘဝနှင့်ကံကြမ္မာကို ပြောင်းလဲပေးစေကာ တချိန် တည်းတွင် ကျွန်မတို့တရုတ်နိုင်ငံကို ရှေ့သို့အဆက်မပြတ်ချီတက်စေခြင်း ဖြစ်ပေသည်။

သတင်းအရင်းအမြစ်၊ ရှင်မင်ညနေသတင်းစာနှင့် Baidu မှ အထွေထွေသတင်း။
ဘာသာပြန်၊ Yunnan Gateway.
ပုံ၊ online photos.