စူဝမ်ချောင်၏ ယီတိုင်းရင်းသားရိုးရာယဉ်ကျေးမှု “ပြတိုက်”

2018-11-19 19:10:11 |သတင်းအရင်းအမြစ် 新华社

အသက်(၆၂)နှစ်ရှိပြီဖြစ်သည့် ယီတိုင်းရင်းသား စူဝမ်ချောင်သည် ကွေ့ကျိုးပြည်နယ် ဘီကျဲမြို့ ဟဲကျန်ခရိုင်ကျူရှီရွာ ကျိုဖျင်ကျေးရွာတွင် နေထိုင်ပါသည်။ ၂၀၀၈ ခုနှစ်ကတည်းကပင် သူက ဒေသရှိ ယီတိုင်းရင်းသားရိုးရာယဉ်ကျေးမှုပစ္စည်းအမျိုးမျိုးအဖုံဖုံကို ဂရုတစိုက် စုဆောင်းသိမ်းဆည်းလာပါသည်။

ယခုအချိန်အထိ သူက ရိုးရာယဉ်ကျေးမှုပစ္စည်းပေါင်း(၄၀၀)ကျော်ကို စုဆောင်းသိမ်းဆည်း ရရှိပြီဖြစ်ပြီး မိမိနေထိုင်ရာအိမ်ကို ယီတိုင်းရင်းသားယဉ်ကျေးမှု“ပြတိုက်”အဖြစ် ထူထောင်လိုက်သည်။

ဆင်ဟွာသတင်း၊ ပုံ--Wang Chunliang၊ Han Xianpu

စူဝမ်ချောင်သည် စုဆောင်းထားသည့်နှဲဖြင့် သီဆိုတီးမှုတ်ကာ အသံအရည်အသွေးစစ်ဆေးနေစဉ်။

စူဝမ်ချောင်သည် စုဆောင်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းကို သိမ်းဆည်းနေစဉ်။

စူဝမ်ချောင်သည် စုဆောင်းထားသည့်ရှေးဟောင်းစာအုပ်ကို သိမ်းဆည်းနေစဉ်။

စူဝမ်ချောင်(ဘယ်အောက်)သည် ရွာသူရွာသားများအား ယီတိုင်းရင်းသားဆည်းလည်းအကကို သင်ကြားပြသနေစဉ်။