“တရုတ်ပန်းချီအနုပညာ၊ ‘ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ်’” လှုပ်ရှားမှု မြန်မာနိုင်ငံတွင် ကျင်းပ

2018-11-21 18:32:27 |သတင်းအရင်းအမြစ် 云桥网

ဒုတိယအကြိမ်မြောက် “တရုတ်ပန်းချီအနုပညာ၊ ‘ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ်’” လက်တွေ့ပန်းချီဆွဲခြင်းနှင့် ပန်းချီပြပွဲဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံရန်ကုန်မြို့တွင် နိုဝင်ဘာလ(၂၁)ရက်နေ့က ကျင်းပကြောင်း သိရပါသည်။

အဆိုပါ တရုတ်-မြန်မာယဉ်ကျေးမှု အနုပညာဖလှယ်ရေးပြပွဲသည် တရုတ်နေ့စဉ်သတင်းစာအဖွဲ့နှင့် တရုတ်ယဉ်ကျေးမှုအနုပညာမြှင့်တင်ရေးအသင်းတို့ ပူးပေါင်းကြီးမှူးကျင်းပခြင်း ဖြစ်သည်။ ပြပွဲတွင် တရုတ်နိုင်ငံပန်းချီအနုပညာရှင်(၉)ဦးတို့၏ ကိုယ်စားပြုနိုင်သော လက်ရာမွန်ပန်းချီကားနှင့် မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေး တို့တွင် လက်တွေ့ကွင်းဆင်း ခံစားရေးဆွဲထားသည့် လက်ရာမွန်ပန်းချီကားများကို ခင်းကျင်းပြသထားပါသည်။ ၎င်းလက်ရာမွန်ပန်းချီကားများသည် မြန်မာနိုင်ငံ၏ သဘာဝအလှတရား၊ လူမှုဓလေ့ထုံးစံ စသည့်ရှုခင်းအလှတရားဖြင့် သာယာလှပသော ရွှေမြန်မာကို အသက်ဝင်စွာ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရပါသည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် တရုတ်ပန်းချီပညာရှင်များနှင့် မြန်မာပန်းချီပညာရှင်များ တွေ့ဆုံကြပြီး တစ်ဦးနှင့်တစ်ဦး အသိပညာများမျှဝေကာ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ဆွေးနွေးကြပါသည်။