Stephen Chow ၏ ရုပ်ရှင်သစ် 《The New King of Comedy》အား ပရိသတ်များနှင့် တွေ့ဆုံမိတ်ဆက်ပေးတော့မည်

2018-11-30 17:58:24 |သတင်းအရင်းအမြစ် 国际在线

Stephen Chow ၏ Fans တစ်ယောက် ဖန်တီးထားသည့်ပုံတစ်ပုံသည် နိုဝင်ဘာ(၂၆)ရက်နေ့က အွန်လိုင်းတွင် ရေပန်းစားလာခဲ့ပြီး ၎င်းပုံသည် ပရိသတ်များနှင့်မတွေ့ရသည်မှာ ကြာနေပြီဖြစ်သော Stephen Chow ဖြစ်ကာ ဦးညွတ်ရင်းပြုံးနေသည့်ပုံဖြစ်သည်။ ထို့ပြင် ပုံတွင် “Stephen Chow ၏ ရုပ်ရှင်သစ် ရိုက်ကူးပြီးမြောက်နေပြီ”ဟူသောစာလုံးလည်း ရေးထိုးထားသည်။

《The New King of Comedy》ပိုစကာကို တွေ့နေစဉ်။

ပရိသတ်များသည် အဆိုပါပုံတွေ့သည်နှင့် အလွန်စိတ်လှုပ်ရှားတက်ကြွနေပြီး Stephen Chow ၏ ရုပ်ရှင်သစ်ဆိုသည်မှာ မည်ကဲ့သို့သောရုပ်ရှင်ဖြစ်မည်နည်းဟု မှန်းဆကြည့်နေကြသည်။

နိုဝင်ဘာလ(၂၉)ရက်နေ့ကစပြီး Stephen Chow ၏ ကုမ္ပဏီသည် microblog ဖြင့် ပိုစတာထုတ်ဝေပြီး ရုပ်ရှင်သစ်《The New King of Comedy》သည် ၂၀၁၉ ခုနှစ် တရုတ်နွေဦးပွဲတော်နှစ်သစ်ကူးပွဲ၏ ပထမနေ့တွင် တင်ဆက်ပြသမည်ဟု ကြေညာခဲ့သည်။

《The King of Comedy》သည် ၁၉၉၂ ခုနှစ်တွင် ပရိသတ်များအား တင်ဆက်ပြသခဲ့သည်။ ရုပ်ရှင်၏အဓိကအကြောင်းအရာသည် ဆင်းရဲသောယောက်ျားလေး ယဉ်ထျန်းချိုသည် ဇာတ်ရွှင်ဇာတ်မြူး အလွန်စိတ်ဝင်စားပြီး သူသည် သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်စိတ်ပြင်းထန်သည်။ သူသည် အခြွေအရံသရုပ်ဆောင်တစ်ယောက်လုပ်ရာတွင် အခြားသူများ၏ အထင်သေးခြင်းကို အမြဲခံစားခဲ့ရသည်။ တစ်ရက်က သူသည် နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်၏ ချီးမွမ်းအသိအမှတ်ပြုမှုကိုခံခဲ့ရပြီးနောက် ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ခွင့်ရရှိခဲ့သော်ငြားလည်း နောက်ဆုံးမှာ ဆုံးရှုံးခဲ့သည်။ ထိုဘဝခရီးကြမ်းတွင် ယဉ်ထျန်းချိုသည် အမျိုးသမီး လျှိုဖျောင်းဖျောင်းကို သိကျွမ်းရင်းနှီးပြီး နောက်ဆုံးတွင် ယဉ်ထျန်းချိုသည် အဓိကသရုပ်ဆောင်မဖြစ်သော်လည်း လျှိုဖျောင်းဖျောင်း၏ ရိုးသားဖြူစင်သော ချစ်ခြင်းမေတ္တာကို ရရှိခဲ့သည်။

 

《The King of Comedy》ရုပ်ရှင်ဇာတ်လမ်းဓာတ်ပုံ။

၂၀၁၉ ခုနှစ်တရုတ်နွေဦးပွဲတော်နှစ်သစ်ကူးပွဲ၏ ပထမနေ့တွင် တင်ဆက်ပြသမည့် 《The New King of Comedy》သည် လွန်ခဲ့သောနှစ်(၂၀)တွင် ပြသခဲ့သည့်《The King of Comedy》နှင့်နှိုင်းယှဉ်လျှင် မည်သို့သော ကွာခြားချက်ရှိသနည်း။ အဖြေသည် ပရိသတ်များသည် ရုပ်ရှင်သစ်တွင် အံ့သြဖွယ်ရာသစ်ကို ရရှိနိုင်မည်။ သတင်းအရ Stephen Chow သည် လွန်ခဲ့သော(၃)နှစ်မှစ၍ ဇာတ်ညွှန်းကိုရေးသားပြီး ထိုအချိန်ကာလတွင်လည်း သင့်တော်သည့် သရုပ်ဆောင်ကို ရှာဖွေခဲ့သည်။ ကြိုးစားမှုများစွာဖြင့် ကြိုတင်အလုပ်အကုန်စီစဉ်ပြီးနောက် ရုပ်ရှင်သစ် စတင်ရိုက်ကူးခဲ့သည်။

ရုပ်ရှင်တစ်ခုနှင့်တစ်ခုအကြားသည် အချိန်နှစ်(၂၀)ကြာသွားပြီဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်သစ်ကို ပြန်ရိုက်ခြင်းသည် Stephen Chow က မိမိကိုယ်မိမိ စိန်ခေါ်နေသလို ခံစားချက်အသစ်ကိုလည်း ဖော်ပြနေမည်ဆိုသည်ကို ရုပ်ရှင်သစ် ကြည့်ပြီးနောက် သိရှိနိုင်မည်ဖြစ်သည်။ ပရိသတ်များသည် 《The King of Comedy》မှတစ်ဆင့် ပျော်ဖွယ်ရာများရရှိနိုင်မည်ဖြစ်ပြီး စိတ်ခံစားထိခိုက်မှုကိုလည်း ဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါသည်။

သတင်းအရင်းအမြစ်၊ CRI Online မှ ကောင်နုတ်တင်ပြထားသည်။ (The King of Comedy အကြောင်းက Yunnan Gateway မှ စုစည်းတင်းပြမှာပါ)

ဘာသာပြန်၊ Yunnan Gateway.

ပုံ၊ online photos.