၂၀၁၈ ခုနှစ် SCO အပြည်ပြည်ဆိုင်ရာ ကူမင်းမာရသွန်အပြေးပြိုင်ပွဲ မြင်ကွင်း

2018-12-03 18:02:11 |သတင်းအရင်းအမြစ် 云南网

ပြည်သူလူထု ၀ိုင်းဝန်းဆင်နွှဲကြပါသည်။ လူအများစုက သာယာလှပသော တျိန်ချီကန် ကန်ဘေးနားကို အာရုံစိုက်နေကြပါသည်။ ဆောင်းရာသီ၏ နံနက်ခင်းနေရောင်ခြည် နှင့်အတူ တတိယအကြိမ် SCO Kunming Marathon 2018 Yunnan Salt Industry ကို ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်(၉)နာရီအချိန်အတွင်း စတင်ယှဉ်ပြိုင်ခဲ့ရာ ပါဝင်ယှဉ်ပြိုင်သူ (၂)သောင်းကျော်သည် တာထွက်ရာနေရာမှ ပန်းဝင်ရာသို့ ကြိုးစားပြေးနေကြပါသည်။

လက်ရွေးစင်များသည် အပြိုင်အဆိုင် အားသွန်ခွန်စိုက် ပြေးနေကြရာ အားမာန်ပြည့်ဖြိုးသည့် လက်မောင်းများ လှုပ်ယှက်ပါသည်။ ပုံမှန်ချိန်များတွင် လက်ရွေးစင်များသည် ခိုင်မာသောခြေလှမ်းဖြင့် ကြိုးပမ်းအားထုတ်လေ့ကျင့်သည်ကိုလည်း ဖော်ပြနေခြင်းဖြစ်ပါသည်။ ထို့အတူ ပြည်သူလူထုတို့ သည်လည်း ကျန်းမာရေးအပြေးပြိုင်ပွဲတွင် ပျော်ရွှင်မှုနှင့် ပြည့်နှက်လျက်ရှိနေပါသည်။ “ယှဉ်ပြိုင်သည့်ဝတ်စုံ”ကို ၀တ်ဆင်ထားသည့် သားသမီးကို လက်ဆွဲကာ စိတ်ကြည်နူးစွာဖြင့် မာရာသွန်အပြေးပြိုင်ပွဲကို ပါဝင်ဆင်နွှဲကြပါသည်။