ယူနန်ပြည်နယ် ဒုတိယအကြိမ်ပညာတော်သင်များ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်လှစ်ခဲ့

2018-12-05 18:25:55 |သတင်းအရင်းအမြစ် CIR缅文

ယခုလ ၄ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယအကြိမ်ပညာတော်သင်များ ယဉ်ကျေးမှု ဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်လှစ်ခဲ့ကြောင်း၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့်ကမ္ဘောဒီးယားစသော နိုင်ငံ ၃၀ခန့်မှ တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် ပညာသင်ကြားနေသည့် ပညာတော်သင်ကိုယ်စားလှယ် ၁၇၀ကျော်သည် လှုပ်ရှားမှုသို့တက်ရောက်ပြီး တာလီမြို့ဒေသခံကျောင်းသူကျောင်းသား များနှင့်အတူ ယဉ်ကျေးမှုအချင်းချင်းပိုမိုသိရှိနားလည်ရန်အတွက် အပြန်အလှန် သင်ယူလေ့လာမည် ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။