နိုင်ငံတကာ စေတနာ့ဝန်ထမ်းနေ့တွင် တရုတ်ပြည်ဒေသများ၌ စေတနာ့လှုပ်ရှားမှုများ ပြုလုပ်

2018-12-06 18:49:30 |သတင်းအရင်းအမြစ် CIR 缅文

ဒီဇင်ဘာလ ၅ ရက်နေ့က နိုင်ငံတကာ စေတနာ့ဝန်ထမ်းနေ့ဖြစ်ကြောင်း၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့က တရုတ်ပြည် မထမအကြိမ် စေတနာ့ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း 《 စေတနာ့ဝန်ဆောင်မှု နည်းဥပဒေ》ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းဥပဒေ ကျင့်သုံးပြီးတစ်နှစ်အတွင်း တစ်နိုင်ငံလုံး စေတနာ့ဝန်ဆောင်မှု အဖွဲ့အစည်း ၁သောင်း ၂ ထောင်ကျော် ရှိပြီး စေတနာ့ဝန်ဆောင်မှုဆိုင်ရာသတင်းအချက်အလက်စနစ်၌ မှတ်ပုံတင်သည့် စေတနာရှင်များ သန်းပေါင်းတစ်ရာကျော်ရှိကြောင်း၊ ယခုနှစ်က ၃၃ နှစ်မြောက် နိုင်ငံတကာ စေတနာ့ဝန်ထမ်းနေ့ဖြစ်ကြောင်း သတင်းအရသိရပါသည်