၂၀၁၈ ခုနှစ် လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် ဖွင့်လှစ်

2018-12-13 18:36:06 |သတင်းအရင်းအမြစ် 云桥网

၂၀၁၈ ခုနှစ် (၈)ကြိမ်မြောက် လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၂)ရက်နေ့က စစ်ဆောင်ပန်နားတိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့တွင် ကျင်းပခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများမှ အစိုးရ၀န်ထမ်းများနှင့် အနုပညာရှင်များသည် အဆိုပါဖွင့်ပွဲအခမ်းအနားကို ဆင်နွှဲကြပါသည်။

ယခုအကြိမ်ယဉ်ကျေးမှုအနုပညာပွဲတော်သည် “ချစ်ခင်ရင်းနှီးစွာ ဆက်ဆံခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ဒေသအတွင်း ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်စေရန်လည်းကောင်း၊ ကမ္ဘာအား လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲနိုင်ငံအသီးသီးတို့၏ ထူးခြားသောယဉ်ကျေးမှုနှင့် ဆန်းတင့်ဝေဆာလှသောအနုပညာကို ပြသရန်လည်းကောင်း ရည်ရွယ်ထားပါသည်။

၎င်းဖွင့်ပွဲအခမ်းအနားတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများမှ အနုပညာရှင်များသည် တမူထူးခြားသောတင်ဆက်မှုများဖြင့် ဖျော်ဖြေကြပါသည်။

ယခုအကြိမ်ယဉ်ကျေးမှုအနုပညာပွဲတော်ကို ဒီဇင်ဘာလ(၁၄)ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတော်ကာလတွင် လန်ချန်း-မဲခေါင်ညဂီတပွဲ၊ (၇)ကြိမ်မြောက် “မြစ်တစ်သွယ်”စစ်ဆောင်ပန်နားဓာတ်ပုံပြပွဲ၊ (၇)ကြိမ်မြောက် စစ်ဆောင်ပန်နား အပြည်ပြည်ဆိုင်ရာ ပန်းချီပြပွဲ၊ ဒုတိယအကြိမ်မြောက် လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲနိုင်ငံများ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနှင့် ဖြန့်ချိရေးညှိနှိုင်းဆွေးနွေးပွဲနှင့် ပထမကြိမ်မြောက် လန်ချန်းမြစ်-မဲခေါင်မြစ် စာပေဖိုရမ် စသည့်လှုပ်ရှားမှုများ ကျင်းပမည်ဖြစ်သည်။

သတင်းထောက်--Liu Rong