“အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း” မှတ်တမ်းရုပ်ရှင် စတင် ပြသ

2018-12-14 18:48:57 |သတင်းအရင်းအမြစ် 新华网


ဆင်ဟွာသတင်းဌာန က တာဝန်ယူ ရိုက်ကူးထားသည့် “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း”--- ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင် ဇာတ်လမ်း အား ဒီဇင်ဘာ ၁၃ ရက် နေ့ မှ စတင်၍ ဆင်ဟွာ သတင်းဌာန Facebook Page ၊ Website ၊ Twitter ၊ Youtube နှင့် အခြားသက်ဆိုင်ရာ အင်တာနက် စာမျက်နာများတွင် စတင် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

“အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း” မှတ်တမ်းရုပ်ရှင် တွင် ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန် နိုင်ငံ နယ်ချဲ့ကျူးကျော် တပ်ဖွဲ့များ နှင့် အတူတကွ ပါရှိလာ ခဲ့သည့် ၁ နှစ် အရွယ် ဂျပန် ကလေး တစ်ယောက် ဖြစ်သည့် နာကာဂျီမာ ယိုဟာချီ က စစ်ပွဲ အပြီးတွင် တရုတ် နိုင်ငံ တွင် ကျန်ရစ် ခဲ့သည့် အကြောင်း ၊ အထီးကျန် ခိုကိုးရာမဲ့ ကျန်ရစ် ခဲ့သည့် ဂျပန် ကလေးငယ် အား တရုတ် နိုင်ငံ တောင်သူလယ်သမား မိသားစု မှ ကယ်တင်ပေး ခဲ့သည့် အကြောင်း ၊ ကလေးငယ် ကြီးပြင်း လာပြီး နောက် ဂျပန် နိုင်ငံ သို့ ပြန်လည် ရောက်ရှိသွားသော်လည် တရုတ် နိုင်ငံ အပေါ် ထားရှိသည့် သံယောဇဉ်များ အကြောင်း ၊ ဘဝခရီးလမ်းတစ်လျှောက် တရုတ်-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် လှုပ်ရှားမှုများ ဆောင်ရွက် ခဲ့သည့် အကြောင်း ၊ မိမိ ၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံများ အား “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း” ဟူသည့် အမည်ဖြင့် အတ္ထုပတ္တိစာအုပ် ရေးသား ခဲ့ရသည့် အကြောင်း ၊ နောက်ဆုံးတွင် မိမိ ကြီးပြင်း ခဲ့သည့် တရုတ် နိုင်ငံ မွေးစား မိဘများ ရှိရာ နေရပ် သို့ ရောက်ရှိလာသည့် အကြောင်း စသည် တို့ကို ရသမျိုးစုံ ခံစားမှု ရရှိနိုင်ရန် ရိုက်ကူး ထားသည့် မှတ်တမ်းရုပ်ရှင် ဗီဒီယို တစ်ခု ဖြစ်ပါသည်။



“အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း” မှတ်တမ်းတင် ရုပ်ရှင် ဗီဒီယို က အမုန်းတရား ကို ကျော်လွန်၍ ငြိမ်းချမ်းရေး ကို ရှာဖွေသည့် ဇာတ်လမ်း တစ်ခု ဖြစ်သည်။ ဤ ဇာတ်ကား အား ဆင်ဟွာ သတင်းဌာန က တရုတ်-ဂျပန် နှစ်နိုင်ငံနေရာအနှံ တွင် သုံး နှစ်ကြာ အချိန်ယူ ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

(Xinhua)