ယူနန်ပထမဦးဆုံးအကြိမ် အရည်အသွေးကောင်း အထူး ကော်ဖီယဉ်ကျေးမှုပွဲတော် လင်ချမ်းမြို့တွင် ကျင်းပ

2018-12-20 17:53:51 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံယူနန်ပြည်နယ် ပထမဦးဆုံးအကြိမ် အရည်အသွေးကောင်း အထူး ကော်ဖီယဉ်ကျေးမှု ပွဲတော်နှင့် စတုတ္ထအကြိမ်မြောက် တရုတ်ယူနန်ကော်ဖီနှပ်ဖျော်ခြင်းဗိုလ်လုပွဲအား လင်ချမ်းမြို့တွင် ဖွင့်လှစ် ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပကော်ဖီနယ်ပယ်မှ ပညာရှင်နှင့် ကုန်သည်များသည် လင်ချမ်းမြို့တွင် စုဝေးကာ ကော်ဖီအရည်အသွေးမြှင့်တင်ရန်၊ ကော်ဖီထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရန် အတူညှိနှိုင်း ဆွေးနွေး ကြသည်။

အဆိုပါပွဲတော်သည် ဒီဇင်ဘာလ(၁၈)ရက်နေ့မှစ၍ (၂၀)ရက်နေ့ထိ ကျင်းပပြီး ကော်ဖီအသင်း ဒုတိယအကြိမ် အသင်းသားစုံညီအစည်းအဝေး၊ ယူနန်အရည်အသွေးကောင်းကော်ဖီနှင့် ကော်ဖီစက်ပြပွဲ စသည့်အစီအစဉ်လည်း တစ်ချိန်တည်းတွင် ကျင်းပကြောင်း သတင်းအရသိရပါသည်။

တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် ကျင်းပသည့် ပထမဦးဆုံးအကြိမ် အရည်အသွေးကောင်း အထူး ကော်ဖီယဉ်ကျေးမှုပွဲတော်သည် ယူနန်အရည်အသွေးကောင်းကော်ဖီအသင်းမှ ဦးစီးကျင်းပပြီး စတုတ္ထအကြိမ်မြောက် တရုတ်ယူနန်ကော်ဖီနှပ်ဖျော်ခြင်းဗိုလ်လုပွဲသည် ယူနန်ပြည်နယ် ကမ္ဘာ့အဆင့် အစိမ်းရောင်စားသောက်ကုန်တံဆိပ်ရုံး၊ ယူနန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးရွာရေးရာ ဦးစီးဌာနမှ ဦးစီးကျင်းပခြင်းဖြစ်သည်။ လင်ချမ်းသည် တရုတ်ပြည်တွင်း အရည်အသွေးကောင်းကော်ဖီ အဓိကထုတ်လုပ်ရေးနေရာဖြစ်စေရန်၊ ကမ္ဘာ့အဆင့် အစိမ်းရောင်စားသောက်ကုန်ကို ထုတ်လုပ်ရန် ရည်ရွယ်ပြီး အဆိုပါ အစီအစဉ်များကို ကျင်းပသည်ဟု သတင်းအရ သိရပါသည်။

(Yunnan Gateway၊ ပုံ၊ online photo)