ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)မျိုးမိတ်ဆက်ခြင်း(၁)

2018-12-24 18:27:57 |သတင်းအရင်းအမြစ် 云桥网

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)မျိုးသည် ယူနန်ပြည်နယ်အတွင်း ထူးခြားချက်ရှိသောလူနေမှုအခြေ အနေဖြစ်ပြီး (၂၀)ရာစု (၄၀) ဆယ်စုနှစ်ခန့်တွင် စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခုအချိန်တွင် ယခင်ကဆင်းရဲနောက်ကျသော၊ ပိတ်ဆို့သော ယူနန်သည် ကြီးမားစွာ တိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်လာ ပြီး ၎င်းနှင့်အညီ “ယူနန်ထူးဆန်းအံ့သြဖွယ်ရာ (၁၈)မျိုး” သည်လည်း ပြောင်းလဲသွားတော့သည်။ ယခု ကျွန်မတို့သည် ပရိသတ်များအား“ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)မျိုး”အဟောင်းနှင့် အသစ် နှိုင်းယှဉ်ဖော်ပြပေးခြင်းဖြင့် တရုတ်နိုင်ငံတံခါးဖွင့်မူဝါဒကျင့်သုံးသည့် နှစ်(၄၀)အတွင်းယူနန်အတွက် သယ်ဆောင်လာသောအပြောင်းအလဲကြီးကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာသစ်(၁)၊ ဆောင်းဦးရာသီသည် ယူနန်၏ ကျက်သရေဖြစ်လာနေ

ယခင်က ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁)သည် "ကြက်ဥအား မြက်ကြိုးဖြင့် ဆွဲပြီးရောင်းနေသည်" ဖြစ်သည်။ အဘယ်ကြောင့် ဤကဲ့သို့ပြောသနည်း။ ယခင်ကဒေသခံများသည် ကြက်ဥရောင်းခြင်း အဆင်ပြေစေရန်၊ မပျက်စီးနိုင်စေရန် ဝါးပြားသို့မဟုတ် ဂျုံမြက်ဖြင့် အိတ်လုံး(၁၀)ခုအား တစ်ကုံးအဖြစ် ပြုလုပ်ပြီး ကြက်ဥတစ်လုံးတစ်အိတ်ထည့်ရောင်းလေ့ရှိသည်။ ဝယ်ယူသူများသည် ကြက်လုံးကို ဝယ် ပြီးနောက် နံရံပေါ်တွင် ချိတ်ဆွဲထားနိုင်သည်။ ယခုခေတ်တွင် ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁)သည် "ဆောင်းဦးရာသီသည် ယူနန်၏ ကျက်သရေဖြစ်လာနေ"သို့ ပြောင်းသွားပြီဖြစ်သည်။

“ပထမဦးဆုံးအကြိမ် ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကျင်းပတုန်းက ပြခန်းအနီးအနားမှာ အကုန် လုံး လယ်ယာမြေတွေပဲရှိတာလေ။ ဒါပေမဲ့ အခုစည်ကားတဲ့မြို့ပြရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ” ဟု ကူမင်းမြို့အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၏အလံတိုင်ရှေ့တွင် ရပ်တည်နေသောOrient Global (Kunming) International Convention and Exhibition Management ကုမ္ပဏီလီမိတက် ၏ မန်နေဂျာချုပ်စုန့်ချင်းစုံးမှ ခံစားချက်ပြည့်ဝစွာဖြင့် ပြောကြားခဲ့သည်။

တရုတ်တံခါးဖွင့်မူဝါဒကျင့်သုံးခြင်းကြောင့် ကူမင်းမြို့သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲအား ၁၉၉၃ ခုနှစ်က ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တက္ကသိုလ်ဘွဲ့ရပြီး အလုပ်စဝင်သော စုန့်ချင်းစုံးသည်လည်း ကူမင်းမြို့ သွင်းကုန်ပို့ကုန်နှင့်ရေစက်စတင်ဆုံလာခဲ့သည်။ “ကူမင်းမြို့အတွက် ပထမဦးဆုံးအကြိမ် အကြီးစားပြပွဲကျင်းပခြင်းဖြစ်တယ်။ နိုင်ငံခြားက ကုန်သည်တွေ၊ ထူးဆန်းတဲ့ ကုန်ပစ္စည်းတွေလည်းမထင်မှတ်ပဲများပြားကြွယ်ဝတယ်။ တကယ်မျက်စိဖွင့်ပေးနိုင်ခဲ့တယ်”ဟု စုန့်ချင်းစုံးသည် ပထမဦးဆုံးအကြိမ်ကူမင်းမြို့သွင်းကုန်ပို့ကုန်ကုည်စည်ပြပွဲအကြောင်းကို ပြောနေ သည်မှာ စိတ်လှုပ်ရှားနေသေးသည်။ ၁၉၉၃ ခုနှစ်မှ ယခုခေတ်အထိ ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲသည် တဖြည်းဖြည်းတရုတ်အနောက်တောင်ဖက် အကြီးမားဆုံးအထွေထွေကုန်စည်ပြပွဲ သို့ ပြောင်းလဲလာကြောင်း၊ ဆောင်းဦးရာသီသည် ကူမင်းမြို့၏ ကျက်သရေဖြစ်ပြီးယူနန်သည်လည်း တဖြည်းဖြည်းကမ္ဘာနှင့်ချိတ်ဆက်လာကြောင်း၊ (၂၅)နှစ်ကာလအတွင်းအချိန်ကြာလာသည်နှင့်အမျှ နိုင်ငံအသီးသီးမှ ကုန်သည်များသည် ကူမင်းကိုပိုမိုသိရှိလာကြောင်း၊ (၂၀)ရာစု(၉၀)ဆယ်စုနှစ်တွင် (၇)-(၈)ပြပွဲသာကျင်းပနိုင်ခြင်းမှ ယခုအခါတွင် ကူမင်းနိုင်ငံတကာကွန်ဗင်းရှင်းစင်တာတွင် တစ်နှစ် အတွင်းပြပွဲ(၅၀)ခန့်ထိကျင်းပလာနိုင်ကြောင်း၊ အဆိုပါအဖွယ်ဖွယ်အရာရာအားလုံးသည် ယူနန်၏ ဆွဲဆောင်မှုကို ဖော်ပြနေကြောင်းစသဖြင့် စုန့်ချင်းစုံးသည် လက်တွေ့မျက်မြင်ဖြစ်ခဲ့သည်ကို ပြောပြ သည်။
  
“အခုက ဆောင်းရာသီဖြစ်ပေမယ့် ကူမင်းမြို့မှာ နွေဦးလိုပဲ နွေးထွေးနေတယ်။ ကူမင်းမှာ အစည်းအဝေးကျင်းပဖို့ ကောင်းမွန်တဲ့မြို့ပြဖြစ်စေဖို့ တည်ထောင်ရာမှာ ရာသီဥတုအားသာချက်ရှိ တယ်။ ကွန်ဗင်းရှင်းစင်တာပတ်ဝန်းကျင်မှာ အခြေခံအဆောက်အအုံတွေ အဆက်မပြတ် ပြည့်စုံလာ တာနဲ့အညီ ပိုမိုများပြားတဲ့ပြပွဲလည်းကူမင်းမှာကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု စုန့်ချင်းစုံးမှ ဆက်လက်ပြောကြားခဲ့သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာသစ် (၂)၊ လွန်ခဲ့သောနှစ်ပေါင်းသန်းတစ်ရာကျော် ကျောက်ဖြစ် ရုပ်ကြွင်းတွေ့ရှိခြင်း။

ယခင်က ယူနန်ထူးဆန်းအံ့သြဖွယ်ရာ (၂)သည် "ခမောက်အားစလောင်းဖုံးအဖြစ်သုံးခြင်း"ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယူနန်တွင် ဝါးတောများခြင်းကြောင့် အသုံးအဆောင်ကိရိယာကို များသော အားဖြင့်ဝါးဖြင့် ပြုလုပ်ကြသည်။ ခမောက်၏ပုံစံသည် ယခင်ကယူနန်တွင် သုံးသောစလောင်းဖုံးနှင့် တူသည်။ ယခုအချိန်တွင် ယူနန်ထူးဆန်းအံ့သြဖွယ်ရာ (၂)သည် "လွန်ခဲ့သောနှစ်ပေါင်းသန်းတစ်ရာ ကျော် ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိခြင်း"ဖြစ်သွားသည်။

၁၉၈၄ ခုနှစ် ဘူမိအခြေအနေပညာရှင် ဟုန်ရှန်းကွမ်းသည် မောင်ထျိန်းတောင်ပေါ်တွင် ကမ်းဘရီယံ(Cambrian period)အစောပိုင်းကာလခေတ်မှ ကြွင်းကျန်ရစ်သောကျောရိုးမဲ့သတ္တဝါကျောက်ဖြစ် ရုပ်ကြွင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းသည် (၂၀)ရာစုအံ့သြဖွယ်တွေ့ရှိခြင်းစာရင်းတွင် တစ်ခုအပါ အဝင်ဖြစ်လာသည်။

“ယူနန်က တော်တော်ထူးဆန်းပါတယ်။ ယူနန်ပိုးကောင်သည် chordate သတ္တဝါကောင် ရဲ့ ဘိုးဘွားဖြစ်တယ်။  လူသားဖြစ်ပေါ်လာတဲ့မူရင်းနေရာလည်းဖြစ်တယ်။” နှစ်(၃၀)အတွင်းတွင် နိုင်ငံတကာမှ သိပ္ပံနှင့်နည်းပညာပညာရှင်များ၊ ခရီးသည်များသည် မောင်ထျိန်းတောင်သို့ လေ့လာပြီး အကျိုးရလဒ်သစ်များကိုလည်း အဆက်မပြတ် တွေ့ရှိကြသည်။

(Yunnan Gateway)