ယူနန်ထူးဆန်းအံ့သြဖွယ်ရာ (၁၈)မျိုးမိတ်ဆက်ခြင်း(၂)

2018-12-25 17:53:43 |သတင်းအရင်းအမြစ်

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၃)၊ ဂျင်ဂိုသည် သမိုင်းနှစ်ပေါင်းထောင်ချီသောပုံပြင်ကို ဖော်ပြနေ

ရှေးယခင်က ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၃)သည် “ခြင်ကောင်(၃)ကောင်ဟင်းတစ်ပွဲ”ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယူနန်အတွင်းနေရာတော်တော်များများတွင် ရာသီဥတုပူအိုက်ပြီး ခြင်ကောင်၊ ယင်ကောင်များပြားကာ အထူးသဖြင့် ဆင်ခြေဖုန်းရပ်ကွက်နှင့်အိမ်မွေးတိရစ္ဆာန်တင်းကုပ် အတွင်းမှ ခြင်ကောင်၊ ယင်ကောင်သည် အလွန်ကြီးမားသည်။ ထို့ကြောင့် ခြင်ကောင်(၃)ကောင် ဟင်းတစ်ပွဲဖြစ်နိုင် သည်ဟု ချဲ့ကားပြောဆိုလေ့ရှိသည်။ သို့ရာတွင် ယခုခေတ်ကာလတွင် ယူနန်ထူးဆန်းအံ့သြဖွယ်ရာ (၃)သည် “ဂျင်ဂိုသည် သမိုင်းနှစ်ပေါင်းထောင်ချီသောပုံပြင်ကို ဖော်ပြနေ”သို့ ပြောင်းသွားသည်။

ဒီဇင်ဘာ(၇)ရက်နေ့တွင် ခရီးသည်များသည် သန့်ရှင်းသော ထိန်းချုံးဂျင်ဂိုရွာ၌ အပန်းဖြေနေသည်။ သတင်းအရ ဂျင်ဂိုရွာတွင် လယ်သမားများ ဖွင့်လှစ်သော စားသောက်ဆိုင်နှင့်အပန်းဖြေစခန်း (၁၄၀) ကျော်ရှိသည်။

အန်းထိုက်အပန်းဖြေစားသောက်ဆိုင်သည် ခရီးသည်များအကြိုက်နှစ်သက်ဆုံးအပန်းဖြေစခန်းထဲတွင် တစ်ခုဖြစ်သည်။ သူဌေးချင်အန်းထိုက်သည် ခရီးသည်များကို“ဘိုးတွေသစ်ပင်စိုက်၊ မြေးတွေလေညင်းခံ”ဟူသော ဆိုရိုးစကားပြောရန်အလွန်နှစ်သက်သည်။ ဂျင်ဂိုရွာတွင် သက်တမ်းနှစ် ရာချီကျော်ဂျင်ဂိုပင် အပင် (၁၂၀၀) ကျော်ရှိပြီးသက်တမ်းနှစ် (၅၀၀) အထက်ဂျင်ဂိုပင် (၅၀) ခန့်ရှိသည်။ အထူးသဖြင့် ရွာတွင်းတွင် ဂျင်ဂိုဘုရင်နှစ်ပင်ရှိပြီး သက်တမ်းနှစ်ပေါင်းအနည်းဆုံး(၁၀၀၀)ရှိပြီဖြစ်သည်။

ဂျင်ဂိုတောဖြစ်ပေါ်လာသည်မှာ နှစ်ပေါင်း(၁၀၀၀)သမိုင်းရှိပြီး ဂျင်ဂိုရွာသည် ခရီးသွားရှုခင်းသာဖြစ် နေသည်မှာလည်း နှစ်ရာချီကျော်ရှိပြီဖြစ်သည်။ သို့ရာတွင် ဂျင်ဂိုရွာသည် ခရီးသွားရှုခင်းသာအဖြစ် စီးပွားဖြစ်ထွန်းတန်ဖိုးကမူ လတ်တလောနှစ်အတွင်းသာရှိသေးသည်။

“တံခါးဖွင့်မူဝါဒကျင့်သုံးတဲ့အစပိုင်းမှာ ဂျင်ဂိုရွာက ကျွန်တော်တို့ ကို့တုန်းမြို့နယ်ထဲမှာ အဆင်းရဲဆုံး ရွာဖြစ်တယ်။ ဒါပေမဲ့ ခုတလောနှစ်ပိုင်းမှာ ဂျင်ဂိုရွာက ခရီးသွားအရင်းအမြစ်ကနေအပန်းဖြေအရင်းအမြစ် သို့ တစ်ဖြည်းဖြည်းပြောင်းလဲဖို့ ဆောင်ရွက်နေတယ်။ ပြည်တွင်းပြည်ပခရီးသည်တွေ များစွာဆွဲဆောင် နေတယ်။ အခုဂျင်ဂိုရွာက နှစ်စဉ်နှစ်တိုင်းဝင်ငွေ တရုတ်ငွေယွမ် သန်းပေါင်း(၆၀) လောက်ရှိတယ်။ ပိုမိုစိတ်လှုပ်ရှားစရာကောင်းတာက ထူးခြားချက်လက္ခဏာရှိတဲ့ ဂျင်ဂိုရွာခရီးသွားလာရေးကို ကုမ္ပဏီလုပ်ငန်းရှင်နဲ့ စီမံအုပ်ချုပ်စနစ် ပူးပေါင်းလုပ်ဆောင်နေတယ်”ဟု ချင်းအန်းထိုက်မှ သတင်းထောက်အားမိတ်ဆက်ပေးခဲ့သည်။

(Yunnan Gateway)