ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၁၈)မျိုးအသစ် မိတ်ဆက်ခြင်း(၃)

2018-12-26 18:29:55 |သတင်းအရင်းအမြစ်

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၄)၊ ဆင်များကျေးရွာတွင်းသို့ မိမိနေရာကဲ့သို့ သွားလာခြင်း

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၄)အဟောင်းသည် "မီးမွှေးခေါင်းတိုင်သည် စီးကရက် သောက်ရန်ခေါင်း တိုင်အဖြစ် သုံးနိုင်ခြင်း" ဖြစ်ပြီး အခုကမူ" ဆင်များကျေးရွာတွင်းသို့ မိမိနေရာကဲ့သို့ သွားလာခြင်း " သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

စစ်ဆောင်ပန်းနားနိုင်ငံတော်အဆင့် သဘာဝသစ်တောအနီးအနားတွင် နေထိုင်သည့် ရွာသူရွာသား များအတွက် နံနက်အိပ်ရာထသည့်အခါ မိမိနေအိမ်တံစက်မြိတ်အောက်ချိတ်ထားသည့် ပြောင်းဖူးနှင့် မီးဖိုခန်းရှိဆားများစသည့်အစားအစာများအား တောရိုင်းဆင်များ၏ စားခြင်းခံရသည်ကို အမြဲတွေ့နိုင်ပြီး အံ့သြဖွယ်မဖြစ်တော့သည့်ကိစ္စတစ်ခုဖြစ်လာသည်။

“အစိုးရဌာနက ကျွန်တော်တို့အတွက် တောရိုင်းသတ္တဝါများကြောင့် စီးပွားပျက်စီးမှု ကာကွယ်ခြင်း အာမခံကို ဝယ်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လယ်မြေထွက်ပစ္စည်းကို တောရိုင်းဆင်တွေ စားခြင်းခံရရင်လည်း စိတ်ပူစရာမလိုတော့ဘူး။ သစ်တောရေးရာဌာနကို တင်ပြပြီးရင် အာမခံကုမ္ပဏီက ကျွန်တော်တို့ကို လျော်ကြေးပေးမယ်လေ”ဟု ရွာသားတစ်ယောက်မှ ပြောကြားသည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၅)၊ ဒေသထွက်ပစ္စည်းများ အွန်လိုင်းမှတစ်ဆင့် ပြည်တွင်းပြည်ပ သို့ရောင်းချနေ။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၅)အဟောင်းသည် "ဆန်မှုန့်က ‘အယ်ခွိုက်’ဟု ခေါ်သည်"။ အခုကမူ"ဒေသ ထွက်ပစ္စည်းများအွန်လိုင်းမှတစ်ဆင့် ပြည်တွင်းပြည်ပသို့ရောင်းချနေခြင်း" သို့ ရွှေ့ပြောင်းသွားပြီဖြစ် သည်။

လီမုန့်ယွမ်သည် ကျင့်ခန်းခရိုင် Dagu လက်ဖက်လုပ်ငန်းကုမ္ပဏီလီမိတက်၏တာဝန်ခံဖြစ်သည်။ လွန်ခဲ့ သောနှစ်ပိုင်းတွင် သူမသည် တစ်ပြည်လုံးနေရာအသီးသီးသို့ လက်ဖက်လုပ်ငန်းသွားရောက် ဆောင်ရွက်ခဲ့ရာကာ ယခုအခါ နန်စန်းစက်မှုလုပ်ငန်းဇုန်အီး-မော်မာရှယ်စီးပွားရေးစင်တာတွင် ရုံးခန်းဖွင့်ပြီးနောက် သူမသည် အပြင်ထွက်စရာမလိုတော့ပေ။ “အခုဆိုင်ထဲမှာပဲနေပြီး အွန်လိုင်း ကတစ်ဆင့် လက်ဖက်ခြောက်ကို နေရာအသီးသီးသို့ ပေးပို့ရောင်းချနိုင်တယ်”ဟု သူမက ပြောကြား ခဲ့သည်။

ကျင့်ခန်းခရိုင်သည် အီး-မော်မာရှယ်လုပ်ငန်းအတူတည်ဆောက်ခြင်းနှင့်အတူမျှဝေခြင်းကို တက်ကြွစွာ တွန်းအားပေးနေသည်။ ယခုအချိန်ထိတိုင် ခရိုင်အဆင့်အီး-ကော်မာရှယ်ရောင်းဝယ်ရေးစင်တာတစ်ခုနှင့် မြို့နယ်အဆင့် (၇)ခုကို အသီးသီးတည်ထောင်ထားသည်။ ထို့ပြင်၊ ကျေးရွာအဆင့် အီး-ကော်မာရှယ် ရောင်းဝယ်ရေးစခန်း (၇၁)ခုလည်း တည်ထောင်ထားပြီဖြစ်သည်။ နန်စန်းစက်မှုလုပ်ငန်းဇုန် အီး-မော်မာရှယ်စီးပွားရေးစင်တာတွင် ယခုလုပ်ငန်းရှင်ပေါင်း(၄၁)ဦးရှိပြီး ၂၀၁၈ ခုနှစ်အတွင်း ဆိုင်နှင့် အွန်လိုင်းမှတစ်ဆင့်ရောင်းဝယ်ရေးဝင်ငွေသည် တရုတ်ငွေသန်း(၅၀)အထက်သို့ ရောက်ရှိနေပြီဖြစ် သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၆)၊ Grus nigricollis ဆောင်းခိုချိန်တွင် လူသားများ အစာကျွေး။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၆)အဟောင်းသည် "ကလေးပိုးရင်း ချစ်ခြင်းမေတ္တာအတွင်းမှာ နေထိုင် ခြင်း" ဖြစ်သည်။ အဘယ်ကြောင့် ဤကဲ့သို့ပြောသနည်း။ ယူနန်တွင် တိုင်းရင်းသားလူမျိုးတိုင်း လူဦးရေ များပြားသည်။သတိုးသမီးများ အိမ်ထောင်ပြုပြီးနောက် ယောက်ကျားနှင့်အတူ ရက်အနည်းသာနေပြီး မိဘအိမ်သို့ ပြန်နေသည်။ ကလေးမွေးပြီးမှ ယောက်ျား၏အိမ်သို့ ပြန်သွားလေ့ရှိသည်။ ယခုအချိန်တွင် ထိုထူးဆန်းအံ့သြဖွယ်ရာ(၆)သည် "Grus nigricollis ဆောင်းခိုချိန်တွင် လူသားများအစာကျွေးခြင်း"သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

တာ့စန်းပေါင်းသည် ယူနန်ပြည်နယ်ကျောက်ထုံးမြို့၏အနောက်ဘက်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာ ပြင်အထက် မီတာ(၃၀၀၀)မှ(၃၂၀၀)ခန့်မြင့်သည်။ ၎င်းသည် Grus nigricollis နှင့် Grus nigricollis ၏ နေထိုင်ကျက်စားရာ တရုတ်နိုင်ငံ ပင်လယ်ရေမျက်နှာပြင်အမြင့်ဆုံးသော နိုင်ငံတော်အဆင့် ထိန်းသိမ်း ရေးနယ်မြေဖြစ်သည်။

အာလူး၊ ဂျုံကြမ်း စသည့်အစားအစာသည် Grus nigricollis ၏ အဓိက အစားအစာဖြစ်ပြီး သူတို့သည် ငါးကလေး၊ ငါးမြွေထိုးလည်း စားလေ့ရှိသည်။ ကုန်းပြင်မြင့်နေရာတွင် ရာသီဥတုအေးချမ်းသောကြောင့် အစားအစာ မပေါများပေ။ Grus nigricollis ၏ အစားအစာပြဿနာကို ဖြေရှင်းရန် သက်ဆိုင်ရာ ဌာနများသည် တာ့စန်းပေါင်းတွင် သဘာဝပတ်ဝန်းကျင်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အာလူးစိုက်ပျိုးရေးဇုန် စသည်တို့ကို တည်ထောင်ပြီး အာလူးမှည့်သည့်အခါလည်း မရိပ်သိမ်းပဲ Grus nigricollis လွတ်လပ်စွာ ရှာစားနိုင်စေပါသည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၇)၊ နိုင်ငံခြားသားများသည် မြို့ဟောင်းတွင် နေထိုင်ရသည်ကို နှစ်သက် ခြင်း။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၇)အဟောင်းသည် “ရာသီလေးခု အဝတ်အစား မချွတ်စတမ်းဝတ်ခြင်း”ဖြစ် ပြီး ယခုကမူ "နိုင်ငံခြားသားများသည် မြို့ဟောင်းတွင် နေထိုင်ရသည်ကို နှစ်သက်ခြင်း" သို့ ရွှေ့ပြောင်း သွားပြီဖြစ်သည်။

“ကျွန်တော်တို့က ဒီမြို့ပြကို တော်တော်လေး သဘောကျတယ်။ ၂၀၀၄ ခုနှစ်မှာ တာ့လီရောက်ပြီး နောက်ပိုင်း (၁၀)နှစ်ကျော်ကာလမှာ နေရာမပြောင်းရွှေ့ခဲ့ဘူး။ ” ဟု တာ့လီမြို့ဟောင်းတွင် စီးပွားရေး လုပ်ငန်းလုပ်ဆောင်သော ရှီကျည့်ဖျင်လင်မယားနှစ်ယောက်သည် ပျော်ရွှင်စွာ ပြောကြားခဲ့သည်။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၈)၊ တုန်နန်ပန်းများ ကမ္ဘာကျော်ကြား။

ယူနန်ထူးဆန်းအံ့သြဖွယ်ရာ(၈)အဟောင်းသည် “ကျိုင်းကောင်များ ဟင်းများဖြစ်ခြင်း”ဖြစ်ပြီး ယခုကမူ “တုန်နန်ပန်းများ ကမ္ဘာကျော်ကြား”သို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။

လတ်တလောနှစ်ပိုင်းတွင် တုန်နန်ပန်းများသည် လွန်ခဲ့သောအချိန်ကာလတွင် မကြုံတွေ့ခဲ့ဖူးသော ဖွံ့ဖြိုး တိုးတက်မှုအခွင့်အလမ်းကို ကြုံတွေ့နေခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တုန်နန် လတ်ဆတ်ပန်းများ ရောင်းရသည့်အရေအတွက်သည် အပွင့်ပေါင်း(၇.၆၃၄)ပွင့်သို့ ရောက်ရှိပြီး ရောင်းရငွေပမာဏ သည် (၆.၃၈၂) ဘီလီယံ ရရှိသည်။ နိုင်ငံနှင့်ဒေသ(၅၀)ကျော်သို့ရောင်းချနေရပြီး နှစ်ပေါင်း (၂၀)အတွင်းတွင် ရောင်းချသောပန်းအရေအတွက်၊ ရရှိသောငွေကြေးပမာဏနှင့် ပြည်ပသို့ ပို့ကုန် ရောင်းချခြင်းစသည်တို့ဖက်တွင် တရုတ်ပြည်တွင်း ပထမနေရာတွင် အမြဲတမ်းရပ်တည်နေသည်။

(Yunnan Gateway)